images
UN
UN
ဆရာကြီး၏ လမ်းညွှန် မှာကြားချက်များကို သတိရမိခြင်း
အောင်ကြည်ညွန့်(တက္ကသိုလ်) Tuesday, 15 November 2016
ဆရာကြီးသည် ပညာပြည့်ဝနှလုံးလှ သော မိမိဘဝကို ပညာရေးလောကတွင် ပင် မြှုပ်နှံထားသော ပညာရေးပညာရှင် ကြီးတစ်ယောက်ဖြစ်ပါသည်။Educationist ပင်ဖြစ်သည်။ ပညာရေးလောက တွင် သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံ သော သက်တော်ရှည်ဆရာကြီးနှစ်ပါးရှိ ပါသည်။ ထိုဆရာကြီးနှစ်ပါးကို ပညာ ရေးလောက၏ နေနှင့်လ သို့မဟုတ် ရွှေနှင့်မြဟူ၍ တင်စားကြပါသည်။ ထို ဆရာကြီးနှစ်ပါးမှာ ဆရာကြီးဒေါက်တာ သန်းဦးနှင့် ဆရာကြီး ဦးသောင်းထွဋ် တို့ပင်ဖြစ်ပါသည်။ ဆရာကြီးဦးသောင်း ထွဋ်မှာ ၂ဝ၁၂ ခုနှစ်ကကွယ်လွန်သွားခဲ့ ပါသည်။
ဆရာကြီးဦးသောင်းထွဋ်သည် ပညာ ချွန်သောဆရာတစ်ဦးဖြစ်ပါသည်။ ပညာ ရေးဌာနနှင့် အခြားဌာနနှစ်ခုပြိုင်၍အလုပ် လျှောက်ခဲ့ရာ ပညာရေးဌာနကျောင်း ဆရာအလုပ်ကိုရွေးချယ်ခဲ့ပါသည်။ ဆရာ ကြီးသည် စာပေပညာတွင်သာတော်သည် မဟုတ်၊ တက္ကသိုလ်အားကစားလောက တွင်လည်း ကြက်တောင်၊ တင်းနစ်၊ ပြေး ခုန်ပစ်တို့တွင် လက်ရွေးစင်အားကစား သမားဖြစ်ခဲ့သည်။
၂ဝဝဝ ပြည့်နှစ်က ပါမောက္ခဦးသန်း ထွတ်က ဆရာကြီးဦးသောင်းထွဋ်၏ အထုပ္ပတ္တိကိုရေးရန် ဆရာကြီးဆီသွား တွေ့ပါသည်။ ဆရာကြီးက သူစတင် အလုပ်ခန့်ခံရသည့် အမိန့်စာ၊ ရာထူးတိုး မှတ်တမ်းများ၊ ဘွဲ့မှတ်တမ်းများ၊ အောင် လက်မှတ်များ၊ ဂုဏ်ပြုလက်မှတ်များ၊ ကျောင်းလခဖြတ်ပိုင်းများမှသည်ပါမောက္ခ ချုပ်ရာထူးအထိ(အငြိမ်းစား)ယူသည့်တိုင် ကိုယ်ရေးဖိုင်တစ်ခု စနစ်တကျပြုလုပ် ထားသည်ကို သိရပါသည်။
ဆရာကြီးဦးသောင်းထွဋ်သည် ပညာ ရေးလောကအတွက် အကျိုးပြုလုပ်ငန်း များကို ရာထူးအမျိုးမျိုးနှင့် ကျရာတာ ဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပါ သည်။ ပညာရေးအကျိုးပြုစာပေများကို လည်း မြောက်မြားစွာရေးသားခဲ့သူဖြစ် ပါသည်။ 'မြန်မာ့ပညာရေးရှုခင်း'စာအုပ် ဖြင့် ၂ဝဝဝ ပြည့်နှစ်တွင် အမျိုးသားစာ ပေဆုရရှိခဲ့ပါသည်။
ဆရာကြီးသည် ပါမောက္ခချုပ်တာ ဝန်ထမ်းဆောင်စဉ်အခါ၌ပင် စာပေသင် ကြားပါသည်။ M-Ed သင်တန်းများတွင် စာပေပညာရပ်များပို့ချပါသည်။ဆရာကြီး သည် အက္ခရာစာလုံးများနှင့်အတိုမှတ်စေ ၍ သြဝါဒပေးလေ့ရှိကြောင်း သတိပြုမိ ပါသည်။ အင်းဝခေတ်စာဆိုတော်ရှင် မဟာရဋ္ဌသာရသည် တပည့်ငယ်များ စာ သင်နည်းကို အလွယ်မှတ်မိစေရန် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ အက္ခရာ ရှစ်လုံးကို ပန်းကုံးသဖွယ် လည်မှာဆင် မြန်းကြရန် မိန့်မှာခဲ့ဖူးပါသည်။ ဆရာကြီး ကလည်း ကျောင်းဆရာများအလွယ်မှတ် သားလိုက်နာကျင့်ကြံရန် -
ပြည်သူ့ဆရာဘဝခံယူနိုင်အောင်
'စ'ငါးလုံးဆောင်အောင်ရမည်
ဟူသောနည်းလမ်းဆောင်ပုဒ်ပေးခဲ့ ပါသည်။
'စ'ငါးလုံးမှာ ဤသို့ဖြစ်ပါသည်။
၁။ စိတ်ဓာတ်ကောင်းမွန်မှန်ကန် ကြံ့ခိုင်သူတွေ ဖြစ်ရပါမယ်။
၂။ စေတနာဆရာတွေ ဖြစ်ရပါမယ်။
၃။ စာရိတ္တကောင်းမွန်ပြီး စည်းကမ်းရို သေ လိုက်နာကျင့်ကြံသူတွေဖြစ်ရ ပါမယ်။
၎။ စာဖတ်ဝါသနာရင့်သန်ရေးလုပ်ငန်း ကို အစဉ်ရှင်သန်အောင်ကြိုးပမ်း နေသူတွေဖြစ်ရပါမယ်။
၅။ စိစစ်ဝေဖန်ရေး ကျင့်စဉ်ကို ကျင့်သုံး နေသူတွေ ဖြစ်ရပါမယ်။
ဟူ၍(၁၃)ကြိမ်မြောက် ပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင် မိန့်ခွန်းတွင် ထည့်သွင်း၍ 'စ'ငါးလုံးကျင့်စဉ်သီလ ပေးခဲ့ပါသည်။
၁၉၈၅ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က ကျင်းပခဲ့သော(၁၉)ကြိမ်မြောက်ပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင်မိန့်ခွန်းတွင် လည်း 'အ'ငါးလုံးကျေအောင်ရွတ်ကြ ရမည်ဟု မိန့်ကြားခဲ့ပါသည်။ အဆိုပါ 'အ' ငါးလုံးမှာ-
၁။ အသိစိတ်ဓာတ်နှင့်အသိတရား
၂။ အကျင့်စာရိတ္တ
၃။ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်
၎။ အလေ့အကျင့်
၅။ အားထားအားကိုးရသည့် ပြည်သူ့ ဆရာဖြစ်အောင် ကြိုးပမ်းကြဖို့ဖြစ် ပါသည်။
ဆရာကြီးဦးသောင်းထွဋ်၏ အမျိုး သားစာပေဆုရ 'မြန်မာ့ပညာရေးရှုခင်း' တွင်လည်းပညာရေးလောကသား အထူး သဖြင့် ဆရာဆရာများအတွက် တန်ဖိုး မဖြတ်နိုင်သောစာပေဗဟုသုတ၊စာပေ သြဝါဒများ ပြည့်၍နေပါသည်။ပညာရေး စွယ်စုံကျမ်းဟု ဆိုလောက်ပါသည်။
မြန်မာ့ပညာရေးသမိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်ကို ရှုမြင်သုံးသပ် ထားသည်။ ဆရာကြီးသည်ဆရာအတတ် သင်ကဏ္ဍ၊ ဆရာပြုစုပျိုးထောင်ရေးဆိုင် ရာ လုပ်ငန်းများတွင် အထူးကျွမ်းကျင် သော ပညာရေးပညာရှင်ဖြစ်ပါသည်။
မြန်မာ့ပညာရေးသမိုင်းဖြစ်စဉ်ကိုစနစ် တကျစီစဉ်ရေးသားထားသဖြင့် ဆရာ ဆရာမတို့၏လက်စွဲစာအုပ်တစ်အုပ်ဟုပင် ဆိုနိုင်ပါသည်။ဥပမာ-ပညာရေးမူဝါဒ၊ ဥပဒေ၊ စီမံကိန်း၊ စီမံခန့်ခွဲမှု၊ သင်ရိုး ညွှန်းတမ်း၊ ဆရာအတတ်ပညာ၊ စာမေးပွဲ၊ ပညာရေး၊ အစီရင်ခံစာမှစ၍ အခြေခံ ပညာရေးစစ်တမ်း၊ မြန်မာနိုင်ငံစာတတ် မြောက်ရေး၊ ပညာရေးစာစောင်များ၊ အခြေခံပညာရေး ညွှန်ကြားရေးမှူးချုပ် များ၏ ကိုယ်ရေးရာဇဝင်၊ သက္ကရာဇ် အစဉ်အလိုက် ပညာရေးမှတ်တိုင်များ၊ နောက်ဆက်တွဲများပါ အစုံအလင်ပြုစု ထားသော ကျမ်းကောင်းတစ်ခုဖြစ်ပါ သည်။
ခေတ်ကာလကိုလည်း ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊လွတ်လပ်ရေးခေတ် စသည် ဖြင့် ကာလပိုင်းခြား တင်ပြထားသဖြင့် ပညာရေးသမိုင်းစဉ်အဖြစ် တန်ဖိုးကြီးမား လှပါသည်။
ဆရာကြီးဦးသောင်းထွဋ်၏ 'စ'ငါး လုံးသြဝါဒ၊'အ'ငါးလုံးသြဝါဒများကို ကျင့်ကြံကြိုးကုပ်အားထုတ်ရင်းဆရာကြီး ဘက်စုံ လက်ကုန်ဖွင့်ထားသော မြန်မာ့ ပညာရေးရှုခင်းပါပညာရေးဆိုင်ရာသြဝါဒ လက်ဆောင်များကို လေ့လာဆည်းပူး ဖတ်ရှုနိုင်ပါရန်အကျိုးမျှော်၍ နှိုးဆော် လိုက်ရပါသည်။