images
UN
UN
ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ဒုတိယရှေ့နေချုပ်က USAID မှ Chief of Party အားလက်ခံတွေ့ဆုံ
Tuesday, 15 November 2016
ပြည်ထောင်စုရှေ့နေချုပ်ကိုယ် စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် သည် USAID မှ Chief of Party ဖြစ်သူMr. Mitch Gruner အား ယနေ့ နံနက် ၁ဝ နာရီတွင် ပြည် ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန် ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ် ဒုတိယ ရှေ့နေချုပ်က တရားဥပဒေစိုးမိုး ရေးနှင့် တရားမျှတမှုကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသောလုပ် ငန်းများကို ရှင်းလင်းပြောကြား ခဲ့သည်။ ဒုတိယရှေ့နေချုပ်နှင့် Mr. Mitch Gruner တို့သည် ရှေ့ပြေးစီမံကိန်းတစ်ရပ်အနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး လက် အောက်ရှိ ဥပဒေရုံးအချို့အစား စံပြဥပဒေရုံးများအဖြစ် သတ်မှတ် တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း သောလုပ်ငန်းစီမံချက်မူကြမ်းအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။ အဆိုပါလုပ်ငန်းစီမံချက်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတွင် စတင် အကောင်အထည်ဖော်နိုင်ရန်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည် ထောင်စုရှေ့နေချုပ်ရုံး ဦးစီးဌာန(၃) မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချို အုန်း၊ ဦးစီးဌာန(၂)နှင့်(၄) တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ကျော်နိုင်နှင့် ဒေါ်သင်းသင်းအေးတို့လည်းတက် ရောက်ခဲ့ကြသည်။