images
UN
UN
မော်တော်ယာဉ်ကြိုတင်ဝင်ငွေခွန်ဆောင်ခြင်းမှ ယခုနှစ်အတွင်း ကျပ်၂၂ ဒသမ၂ဘီလီယံရ
မေလွင် Friday, 18 November 2016
ရန်ကုန်တိုင်းဒေသကြီးရှိ မော် တော်ယာဉ်ကြိုတင်ဝင်ငွေခွန်ဆောင် ခြင်းမှ ယခုနှစ်ငါးလအတွင်း ကျပ် ၂၂ဒသမ၂ဘီလီယံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိ ရသည်။
အဆိုပါပမာဏသည် ၂ဝ၁၆ ဇွန်မှ အောက်တိုဘာကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမော် တော် ယာဉ်အစီးရေ ၁၃၃၇၅ စီးမှ ကြိုတင်ဝင်ငွေခွန် ဆောင်ထားခြင်း ဖြစ်သည်။ ''မော်တော်ယာဉ်ဝယ် ယူခြင်းအတွက် ဝင်ငွေရလမ်း ဖော်ပြနိုင်ရင်တော့ ကြိုတင်ဝင် ငွေခွန်ဆောင်ဖို့ မလိုပါဘူး''ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ မော်တော်ယာဉ်ဝယ်ယူ ခြင်းအတွက် ဝင်ငွေရလမ်းမဖော်ပြ နိုင်ပါက ကြိုတင်ဝင်ငွေခွန်ကို ယခု ဘဏ္ဍာနှစ်တွင် စတင်ထမ်းဆောင် ရခြင်းဖြစ်သည်။
လက်ရှိရရှိထားသော ပမာဏ တွင်ယာဉ်အိုယာဉ်ဟောင်းလဲလှယ် သည့်စနစ်ဖြင့်တင်သွင်းသည့်ယာဉ် များနှင့် နိုင်ငံခြားဘဏ်ငွေစာရင်း အကောင့်ဖြင့် တင်သွင်းသည့် ယာဉ်များမှာ ကြိုတင်ဝင်ငွေခွန် ဆောင်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့ပြင်အခွန်ပေးဆောင်ရာတွင် အင်ဂျင်ပါဝါ ၁၈ဝဝ စီစီကျော်ရှိ ယာဉ်များသည် ၂ဝ၁၆ခုနှစ် ပြည် ထောင်စု အခွန်အကောက်ဥပဒေ အရ အထူးကုန်စည်ခွန်စာရင်း၌ ပါဝင်ပြီးဝယ်ယူသည့်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို အခွန်ထမ်းဆောင် ရမည်ဖြစ်သည်။
၂ဝ၁၆ခုနှစ်ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် မော်တော် ယာဉ်ဝယ်ယူသည့်အခါ ဝင်ငွေရ လမ်းမဖော်ပြနိုင်ပါက တစ်ကျပ်မှ ကျပ်သိန်း၃ဝဝအထိကို ကြိုတင် ဝင်ငွေခွန်၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝအထက်မှ ကျပ်သိန်း၁ဝဝဝ အထိ ကြိုတင်ဝင်ငွေခွန် ရာခိုင်နှုန်း ၂ဝနှင့် ကျပ်သိန်း၁ဝဝဝနှင့်အထက် ကို ကြိုတင်ဝင်ငွေခွန် ရာခိုင်နှုန်း၃ဝ ပေးဆောင်ရန် ပြဋ္ဌာန်းထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပါကင်ထောက်ခံချက်စနစ်ဖြင့် ကားတင်သွင်းခြင်းကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီလမှစတင်ခဲ့ရာ ၂ဝ၁၆ခုနှစ် ဧပြီလမတိုင်မီကရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ ကားပါကင်ထောက်ခံ ချက်ဖြင့် ကားတင်သွင်းခြင်းကို ဝယ်ယူတင်သွင်းခွင့်လက်မှတ်စနစ် ဖြင့် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ ကြောင်း မြန်မာ့မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအသင်း မှ သိရသည်။