images
UN
UN
အူရီဒူးမြန်မာမှ ကမ္ဘာ့အဆင့်မီသုံးစွဲသူဝန်ဆောင်မှုဌာနသစ်ဖွင့်
သီဟကိုကို(မန္တလေး) Friday, 18 November 2016
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာဖြစ်သော အူရီဒူး မြန်မာမှ ကမ္ဘာ့အဆင့်မီသုံးစွဲသူ ဝန်ဆောင်မှုဌာနသစ်ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြားရှိ အူရီဒူးမြန်မာ(မန္တလေး) ရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် အူရီဒူးမြန်မာ ၏ Chief Customar Experience Officer Mr.Philip Joseph မှ သုံးစွဲသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် နိုင်ငံတကာ အဆင့်မီသုံးစွဲသူ ဝန်ဆောင်မှုဌာန ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သုံးစွဲသူ များအတွက် ၂၄ နာရီ ဝန်ဆောင် မှုပေးလျက်ရှိပြီး လူမှုကွန်ရက် င်္ခေနဘသသု မှ မေးမြန်းချက်များနှင့် အခက်အခဲများကို ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ကမ္ဘာ့အဆင့်မီ သုံးစွဲသူ ဝန်ဆောင်မှုဌာနသစ်ကို ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံထားပြီး အရည်အသွေးပြည့်ဝ လေ့ကျင့်ရေးအခန်း၊ စာကြည့် တိုက်တို့ပါဝင်ပြီး မန္တလေးတိုင်း ဒေသကြီးအတွင်းမှ ဝန်ထမ်း ၂၅ဝ ကျော်ခန့်ထားကာ သုံးစွဲသူများ အတွက် ဝန်ဆောင်မှုပေးရေး လုပ်ငန်းခွင်သင်တန်းများ၊ အရည် အသွေးမွမ်းမံသင်တန်း၊ ဖုန်းပြော ဆိုနည်းကျင့်ဝတ်သင်တန်းများဖွင့် လှစ်လေ့ကျင့်ပေးလျက်ရှိသည်။
Ooredoo အနေဖြင့် အားလုံး အတွက် အခမဲ့အစီအစဉ်ဖြင့် Viber ,BeeTalk နှင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်းကို ဖုန်းငွေဖြည့် သွင်းရုံဖြင့် အခမဲ့အသုံးပြုခွင့်ရရှိ လျက်ရှိကြောင်း သိရသည်။