images
UN
UN
တီဘီရောဂါကျန်းမာရေးပညာပေးခြင်းနှင့် ကွင်းဆင်းရှာဖွေကုသခြင်း ညောင်လေးပင်၌ဆောင်ရွက်
နေလင်း(ညောင်လေးပင်) Friday, 18 November 2016
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသ ကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှတီဘီရောဂါကျန်းမာရေး ပညာပေးခြင်းနှင့် ကွင်းဆင်းရှာဖွေကုသခြင်းကို ယမန်နေ့ နံနက် ၈နာရီက ညောင်လေးပင်မြို့နယ် ဇီးကုန်းကြီးကျေးရွာအခြေခံပညာ အထက်တန်းခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းရှာဖွေကုသပေးရာတွင် တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှအဖွဲ့ခေါင်းဆောင် ဒေါက်တာသန့်ဇင်ဦးဆောင် သောကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးဒေါက်တာသောင်းဒန်ဦးနှင့် မြို့နယ်တီဘီရောဂါတိုက်ဖျက် ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပါဝင်ဆောင်ရွက်ကြပြီး ဇီးကုန်းကြီးကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးလက် နေပြည်သူများအား တီဘီရောဂါကျန်းမာရေးအသိပညာပေးခြင်း၊ တီဘီရောဂါရှိသူများအား စမ်းသပ်ကုသပေးခြင်းနှင့် အထွေထွေ ရောဂါများအားလည်း စမ်းသပ်ကုသပေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းရှာဖွေကုသပေးရာ၌ ညောင်လေးပင်မြို့နယ် အတွင်း နိုဝင်ဘာ ၁၆ ရက်မှ ၁၈ရက်အထိရေတွင်းကုန်းကျေးရွာ၊ ဇီးကုန်းကြီးကျေးရွာ၊ အင်းဝိုင်းကျေးရွာတို့၌တီဘီရောဂါကျန်းမာရေး အသိပညာပေးခြင်း၊ တီဘီရောဂါလူနာသစ်ရှာဖွေကုသပေးခြင်းနှင့် အထွေထွေရောဂါများအားကွင်းဆင်းကုသပေးကြောင်း သိရသည်။