images
UN
UN
Passion for Fashion စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၇၃၅ဝ ခန့် ရန်ကုန်ကလေး ဆေးရုံသို့လှူဒါန်း
ခင်ရူပါမော် Friday, 18 November 2016
Passion for Fashion စီမံ ကိန်းမှ ဖိလစ်ပိုင်-မြန်မာရင်းနှီး ချစ်ခင်မှုအဖွဲ့သည် မြန်မာငွေကျပ် ၂၂ဝ၅ဝဝဝဝ (အမေရိကန်ဒေါ်လာ ၁၇၃၅ဝ) နီးပါးနှင့် ညီမျှသည့်Medical infusion နှင့် Syringe pumpsခုနစ်စုံ၊ လေအေးပေးစက် နှင့်ကလေးများအတွက် တစ်ကိုယ် ရေသန့်ရှင်းမှု အသုံးဆောင်ပစ္စည်း ကိရိယာများ(ံHygiene Kits) များ ကိုရန်ကုန်ကလေးဆေးရုံသို့လှူဒါန်း ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ရင်းနှီး ချစ်ကြည်မှု နှစ်(၆ဝ)ပြည့်အထိမ်း အမှတ်အဖြစ် ရန်ပုံငွေညစာစားပွဲကို ယမန်နေ့က ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါဖက်ရှင်ပွဲတွင် ဖိလစ် ပိုင်နိုင်ငံ၏ ထိပ်တန်းဒီဇိုင်နာများ နှင့် မြန်မာနိုင်ငံ၏ထိပ်တန်းဒီဇိုင်နာ များပူးပေါင်းပါဝင်၍ နှစ်ဦးနှစ် ဖက်အတတ်ပညာနှင့် အသိပညာ များမျှဝေသွားခဲ့သည်ဟုသိရသည်။
''ကျွန်မတို့ ဒီ Passion for Fashion စီမံကိန်းကနေပြီးတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကြည်မှုများနဲ့ နှစ်ဦးနှစ်ဖက်စိတ်ဝင်စားမှုများစွာ ကိုဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ ဒီအစီအစဉ်ကို စတင်လုပ်ဆောင် တုန်းကလုံလောက်တဲ့ ငွေကြေး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီအခက် အခဲကို ကျွန်မတို့အရမ်းကိုချစ် စဖွယ်ကောင်းတဲ့ ရှိုးပွဲလေးနဲ့အတူ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီအရာက မတူကွဲပြားတဲ့ယဉ်ကျေးမှုနှီးနှော ဖလှယ်ခြင်းနဲ့ ချစ်ကြည်ရင်းနှီးတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု တည် ဆောက်ခြင်းရဲ့တကယ့်အနှစ်သာရ ဖြစ်ပါတယ်''ဟုမြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၏ အထွေထွေ ကောင်စစ်ဝန်နှင့် ဝန်ကြီတစ်ဦး ဖြစ်သည့် Maria Lourdes M. Salcedo က ပြောကြားခဲ့သည်။
Pauline Khin Maung Lwin, Kyi Kyi Tolentino, Valerie Badilla, Myintzu Hanaနှင့် ConGen Salcedတို့ဖြင့် ဖွဲ့စည်း ထားသည့် ဖိလစ်ပိုင်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအဖွဲ့မှ မြန်မာ ဖက်ရှင်ဒီဇိုင်နာများအား မနီလာ သို့ ၂ဝ၁၇ ခုနှစ်အစောပိုင်းတွင် ခေါ် ဆောင်သွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။