images
UN
UN
ပြည်ပမော်တော်ယာဉ်တင်သွင်းရာမှ ကျပ်သန်းပေါင်းတစ်သိန်းကျော်ရရှိခဲ့
မင်းလွင်သစ် Friday, 18 November 2016
ယခု ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် အတွင်း ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာမှ ကျပ်သန်းပေါင်း တစ်သိန်းကျော်ကောက်ခံရရှိထား ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင် ၍ နိုဝင်ဘာလပထမပတ်အထိ ပြည်ပမှယာဉ်အစီးရေ ၄ဝဝဝဝ ကျော်တင်သွင်းခွင့်ပြုခဲ့ရာမှ အခွန် စည်းကြပ်ငွေ ကျပ်သန်းပေါင်း ၁၁ဝ၃၂၅ ဒသမ ၃၉၈ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၆ခုနှစ် ကုန်စည်ခွန်ဥပဒေ အရ အင်ဂျင်ပါဝါ 1800 CC အထက်ကားများအား အထူးကုန် စည်ခွန်ကောက်ခံခဲ့ရာတွင် ကျပ် သန်းပေါင်း ၂၅၇၆ဝ ဒသမ ၈၃ သန်းရရှိခဲ့ကြောင်း သိရသည်။
''ပြည်ပကနေ ကားတင်သွင်း လာတာကို အကောက်ခွန်စည်းကြပ် တာအပြင် အင်ဂျင်ပါဝါ1800 CC အထက်ကားတွေကို အထူးကုန် စည်ခွန်ကောက်ခဲ့တာတွေပါတယ်။ ယခုဘဏ္ဍာနှစ် ဒီလ ၇ ရက်အထိ ယာဉ်အစီးရေ ၄ဝဝ၂၄ စီးကို တင်သွင်းခွင့်ပြုခဲ့ပါတယ်''ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ပြည်ပမှ တင်သွင်းလာသော ကားများအား အခွန်စည်းကြပ် ရာတွင် အင်ဂျင်ပါဝါ 1800 CC အထက် ဗင်ကား၊ ဆီဒင်၊ ဆလွန်း ကားများကို အထူးကုန်စည်ခွန် ၂၅ ရာခိုင်နှုန်းအဖြစ် ကောက်ခံ လျက်ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပါကင်ထောက်ခံချက်စနစ်ဖြင့် ကုမ္ပဏီများမှတင်သွင်းသည့် ကား အစီးရေ ၂၁၁၃၁ စီးနှင့်တစ်ဦးချင်း တင်သွင်းခြင်းမှ မော်တော်ယာဉ် အစီးရေ ၃၆၄၇၈ စီးအထိ ရှိခဲ့ ကြောင်း သိရသည်။ ၂ဝ၁၁ခုနှစ်မှ ယခုလအထိ ပြည်ပမှတင်သွင်း သည့် ယာဉ်အစီးရေ ၅၇၃၆၂၆စီး ရှိခဲ့ကြောင်း သိရသည်။