images
UN
UN
ဆယ်စုနှစ်အတွင်းအနိမ့်ဆုံးရောက်နေသောဆန်စပါးဈေးနှင့် အာဆီယံလယ်သမားများ၏အနာဂတ်
Friday, 18 November 2016
ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး တင်ပို့ရောင်းချသည့်နိုင်ငံများပါဝင်သည့် တောင်အာရှဒေသနှင့် အရှေ့တောင်အာရှ ဒေသတွင် ပြီးခဲ့သည့်တစ်နှစ်တာအတွင်း ရင်ဆိုင်ခဲ့ရသည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မိုးပိုမိုရွာသွန်းမှုများကြုံ တွေ့ခဲ့ရပြီး ဆန်စပါးထွက်ရှိမှုအခြေအနေ မှာ မြင့်တက်လာခဲ့၍ လက်ရှိအချိန်တွင် ဆန်စပါးဈေးနှုန်းများမှာ ဆယ်စုနှစ်တစ်ခု အတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက် ရှိလျက်ရှိသည်။
အာဆီယံဒေသတွင်းရှိ အစိုးရများ၏ မူဝါဒများ၊ ဈေးကွက်အခြေအနေပြောင်း လဲမှုများ၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ် များ ပိုမိုအသုံးပြုနိုင်မှုများ၊ ပြည်ပဝယ်လို အားမြင့်တက်လာခြင်းများ စသည့်ဖြစ်စဉ် များကြောင့် အာဆီယံနိုင်ငံများတွင် ဆန် စပါးထုတ်လုပ်မှု မြင့်တက်လာခဲ့ခြင်းမှာ ဒေသတွင်းရှိ လယ်သမားများအတွက် ကျယ်ပြန့်သောအကျပ်အတည်းများကို ဖန်တီးသကဲ့သို့ဖြစ်ခဲ့သည့်အပြင်ဒေသလုံး ဆိုင်ရာအဖွဲ့အစည်းများ၏ ဆောင်ရွက် ချက်များမှာလည်း အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်စေခဲ့သည်။
အာရှဒေသတွင် တစ်ကမ္ဘာလုံးမှ ထွက်ရှိသော ဆန်စပါးပမာဏ၏ ၉ဝ ရာ ခိုင်နှုန်းကို စိုက်ပျိုးနေပြီး ကမ္ဘာ့လူဦးရေ ၏ထက်ဝက်ခန့်မှာ ဆန်စပါးကို အဓိက စားသုံးလျက်ရှိကြောင်း အမေရိကန် စိုက် ပျိုးရေးဦးစီးဌာနက အတည်ပြုထား သည်။ ယခုနှစ်အတွင်း အာရှဒေသတွင် ဆန်စပါးစိုက်ပျိုးမှုအခြေအနေမှာ ၁ဒသမ ၄ ရာခိုင်နှုန်းမြင့်မားခဲ့သည်ဟုလည်း အတည်ပြုထားသည်။ ၂ဝ၁၅ခုနှစ် အတွင်းက အိန္ဒိယပြီးလျှင် ကမ္ဘာပေါ်၌ ဆန်စပါးအများဆုံးတင်ပို့ခဲ့သည့်နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံမှထွက်ရှိသော ဆန် များသည် အရည်အသွေးပိုင်း၌ မြင့်မား သည်ဟုသတ်မှတ်ခံရသော ဆုများစွာရရှိ ခဲ့သည့်အပြင် ဈေးနှုန်းပိုင်း၌လည်းအခြား နိုင်ငံများမှ အရည်အသွေးမြင့်ဆန်များ ထက် သိသိသာသာပိုများနေသည်။ ထိုင်း နိုင်ငံမှ ပြည်ပသို့တင်ပို့သော အရည် အသွေးမြင့်ဆန်များထဲ၌Hom Mali ဟု လူသိများသော ဆန်မွှေးတင်ပို့မှုပမာဏ မှာ ထိုင်းဆန်တင်ပို့မှုပမာဏ၏ လေးပုံ တစ်ပုံခန့်ရှိသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်တွင် အဆိုပါဆန် မက်ထရစ်တစ်တန် ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၂ဝဝ ခန့် ရှိခဲ့ရာမှ ၂ဝ၁၅ခုနှစ်တွင် မက်ထရစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝ၈ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ ၂ဝ၁၆ခုနှစ်အတွင်း၌ အဆိုပါဆန်ဈေးနှုန်း ကျဆင်းမှုအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ ပြီး မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇၂၅ ဒေါ်လာအထိ ရောက်ရှိ သွားခဲ့သည်။ ထိုင်း ဆန်တင်ပို့သူများ အသင်း၏ အတည်ပြုချက်အရ ပြည်ပ သို့ ပမာဏအများဆုံးတင်ပို့သည့် ဆန် ဈေးနှုန်းများ နှစ်ပိုင်းအတွင်း ဆိုးဆိုးရွား ရွားကျဆင်းလာခြင်းမှာထိုင်းလယ်သမား များအတွက်ကြီးမားသည့်အကျပ်အတည်း များဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။
အာဆီယံဒေသအတွင်းမှထွက်ရှိသော ဆန်မွှေးများသည် အခြားဆန်ဈေးနှုန်း များကို သတ်မှတ်သည့်ဆန်အမျိုးအစား များဖြစ်ကာ ဆန်မွှေးများ၏ဈေးနှုန်းများ ကျဆင်းလျှင် အခြားဆန်အမျိုးအစားများ ၏ဈေးနှုန်းများလည်း လိုက်ပါကျဆင်း လေ့ရှိသည်။ ထိုင်းအစိုးရက ဆန်စပါး ကဏ္ဍအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်
ကာ အကျိုးဖြစ်ထွန်းစေမည့်အစီအစဉ်များ ဖော်ဆောင်မည်ဟု အတည်ပြုခဲ့ပြီးနောက် တွင်လည်း ထိုင်းဆန်ဈေးနှုန်းများမှာ ငါး ရာခိုင်နှုန်းခန့် ဆက်လက်ကျဆင်းခဲ့သည်။ ထိုင်းအစိုးရက ဖော်ဆောင်မည့် အစီအစဉ် များထဲတွင် လယ်သမားများအားဆန်ကို အပေါင်ပစ္စည်းအဖြစ်ထားရှိကာ ငွေပေး ချေမှုပြုလုပ်ပေးမည့်အစီအစဉ်များ၊အတိုး
မဲ့ချေးငွေထုတ်ပေးမည့်အစီအစဉ်များပါဝင် မည်ဖြစ်ကာ စီမံကိန်းအတွက်သုံးစွဲမည့် ရန်ပုံငွေပမာဏမှာအမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရှိမည်ဖြစ်သည်။
ထိုင်းဆန်ဈေးနှုန်းများ ကျဆင်းခဲ့ သော ဖြစ်စဉ်သည် အရည်အသွေးနိမ့် သည့်ဆန်များတင်ပို့သည့် အခြားနိုင်ငံများ အပေါ်တွင်လည်း ကြီးမားသည့်အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုင်းဆန်ဈေးနှုန်းများကျဆင်းခဲ့သော ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှု အများဆုံးခံစားရဖွယ်ရှိနေသောနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှုအများဆုံး နိုင်ငံများစာရင်း၌ တတိယနေရာရောက် နေသော ဗီယက်နမ်ဖြစ်သည်။ ဗီယက်နမ် အစိုးရသည်ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ဆန်စပါးစိုက်ပျိုးမှုတိုးချဲ့နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့်ကြိုးပမ်းခဲ့သည့်အပြင် အရည်အသွေးနိမ့်သည့်ဆန်များ တင်ပို့နေ မှုအစား အရည်အသွေးအလယ်အလတ် အဆင့်ရှိသည့် ဆန်များတင်ပို့သည့်အခြေ အနေသို့ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့ သည်။ သို့သော် ဗီယက်နမ်နိုင်ငံ၏ ကြိုး ပမ်းမှုများသည် ထိုင်းနိုင်ငံနှင့်ယှဉ်ပြိုင် ရမည့် စွန့်စားရနိုင်ခြေများနှင့်ရင်ဆိုင်ခဲ့ရ သည့်အပြင် ဆန်စပါးဈေးနှုန်းကျဆင်းမှု များ ဖြစ်ပေါ်လာသောအခါဆန်စပါးတင် ပို့မှုအခြေအနေမှာ သိသိသာသာလျော့ကျ သွားခဲ့သည်။
ဗီယက်နမ်နိုင်ငံမှထွက်ရှိသော ဆန် မွှေးမက်ထရစ်တစ်တန်၏ လက်ရှိဈေး ကွက်ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၅၇ဝ မှ ၆၅ဝ ကြားတွင်ရှိနေသည်။ ယခု နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်ပသို့တင်ပို့ခဲ့သည့် ဗီယက်နမ်ဆန် တင်ပို့မှုပမာဏမှာ ၂ဝ၁၅ခုနှစ် ကာလတူ အနေအထားတွင် တင်ပို့ခဲ့သည့်ဆန်တင် ပို့မှုပမာဏနှင့်နှိုင်းယှဉ်ပါက ၂၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဗီ ယက်နမ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနက ထုတ်ပြန်သောသတင်းထုတ်ပြန် ချက်များအရ ဗီယက်နမ်နိုင်ငံမှထွက်ရှိ သောဆန်များကို တရုတ်၊ ဂါနာနှင့် ဖိ လစ်ပိုင်နိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ သည်ဟု တွေ့ရှိခဲ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဗီယက်နမ်ဈေး ကွက်၌ ဆန်စပါးဈေးနှုန်းများ ငါးရာခိုင် နှုန်းခန့် ထပ်မံကျဆင်းသွားခဲ့သည့်အပြင် ဆက်လက်ကျဆင်းဖွယ်လည်းရှိနေသည်။