images
UN
UN
စိတ်စေတနာအရင်းခံနှင့်လုပ်ဆောင်ထားသည့်ကိစ္စရပ်များသည် နောင်တစ်ချိန်မှာတန်ပြန်အကျိုးပြုလာမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်ပြော
နေချိုသွေး Friday, 18 November 2016
ပါတီတာဝန် ထမ်းဆောင်နေ ကြသည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိ တို့၏ယုံကြည်ချက်စိတ်ရင်းစေတနာ အတိုင်း ဆက်လက်လုပ်ဆောင် သွားကြရန်လိုအပ်ကြောင်း၊ပါတီ၏ စိတ်စေတနာအရင်းခံနှင့်လုပ်ဆောင် ထားသည့် ကိစ္စရပ်များဖြစ်သော ကြောင့် နောင်တစ်ချိန်မှာတန်ပြန် အကျိုးပြုလာမည်ဖြစ်ကြောင်း ဗဟို ကော်မတီဝင်များ၊ပြည်နယ်ကော်မတီ ဝင်များ၊ခရိုင်/မြို့နယ်ကော်မတီဝင် များနှင့်တွေ့ဆုံပွဲတွင် ဒေါက်တာ စန်းရွှေက ပြောကြားလိုက်သည်။
အဆိုပါတွေ့ဆုံပွဲကို ယခုလ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရခိုင်ပြည်နယ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာဗဟိုအလုပ် အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် နိုင်ငံ ရေးနှင့်တိုင်းရင်းသားရေးရာ ကော် မတီ၏လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များအား ပါတီဗဟိုဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသောနိုင်ငံ ရေးနှင့်တိုင်းရင်းသားရေးရာကော် မတီဝင်ဦးထွေးလှ(ဗဟိုကော်မတီ ဝင်)၊ပြည်နယ်ပါတီကော်မတီဝင်များ၊ စစ်တွေခရိုင်/မြို့နယ်ကော်မတီဝင် များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ နှင့်တကွ ပြည်နယ်ကော်မတီဝင် များ၊စစ်တွေခရိုင်/မြို့နယ်ကော်မတီ ဝင်များတက်ရောက်ခဲ့ကြသည်။
ဒေါက်တာစန်းရွှေက ''ကျွန် တော်တို့ပါတီမှာပါတီရဲ့လုပ်ငန်း တွေကို လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ အရင်တုန်းကတော့ ကဏ္ဍ ကြီးငါးရပ်နဲ့ပဲ ဆောင်ရွက်ခဲ့ပါ တယ်။ ဒါပေမဲ့ အခု ကျွန်တော် တို့ရဲ့ ဒုတိယအကြိမ်မြောက်ပါတီ ဗဟိုညီလာခံကြီး ကျင်းပပြီးတဲ့ နောက်ပိုင်းမှာတော့ ရေးရာကော် မတီ၁၅ ခုနဲ့ဖွဲ့စည်းလိုက်ပါတယ်။ တောင်သူလယ်သမားရေးရာတို့၊ လူငယ်ရေးရာတို့၊အမျိုးသမီးရေးရာ တို့စတာတွေ၊ ပြည်သူတွေအတွက် တကယ်အကျိုးပြုအခန်းကဏ္ဍလေး တွေကိုသက်သက်စီ ရေးရာကော် မတီအဖြစ် လုပ်ဆောင်သွားနိုင်ဖို့ ဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေး ဆိုတာကတော့ အဓိကအခြေခံ ကျတဲ့ပြည်သူတွေနဲ့တကယ့်ထဲထဲ ဝင်ဝင်လုပ်ကိုင်ဆောင်ရွက်ရမယ့် အမာခံပုဂ္ဂိုလ်တွေဖြစ်တဲ့ရပ်/ကျေး ပါတီခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်ပါတယ်။ ပါတီရဲ့လှုပ်ရှားမှု တွေမှာလည်း အဲဒီပုဂ္ဂိုလ်တွေရဲ့ တက်တက်ြ<ွကြ<ွကနဲ့ အားကြိုးမာန် တက်ပါဝင်လုပ်ဆောင်ချက်တွေ က အင်မတန်ကိုအရေးကြီးလှပါ တယ်။ ပါတီတာဝန်ထမ်းဆောင် နေကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်စိတ်ရင်း စေတနာအတိုင်း ဆက်လက်လုပ် ဆောင်သွားကြဖို့လိုအပ်ပါတယ်။ ပါတီရဲ့စိတ်စေတနာအရင်းခံတွေနဲ့ လုပ်ဆောင်ထားတဲ့ကိစ္စရပ်တွေဖြစ် တာကြောင့်နောင်တစ်ချိန်မှာတန်ပြန် အကျိုးပြုလာမှာဖြစ်ပါတယ်'' ဟု ပြောသည်။ မိမိတာဝန်ယူထားရ သည့်ရေးရာကော်မတီတာဝန်ကို ထမ်းဆောင်ရင်းပါတီ၏ပုံရိပ်ကို တိုးတက်ကောင်းမွန်အောင် လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံ ရေးနှင့်တိုင်းရင်းသားရေးရာကော် မတီဝင် ဦးထွေးလှကပြောသည်။
ဦးထွေးလှက ''ကျွန်တော့် အနေနဲ့ ရခိုင်ပြည်နယ်မှာ အရင် တုန်းကလုပ်ဆောင်ချက်တွေရှိပါ တယ်။ အဲဒီလုပ်ဆောင်ချက်တွေနဲ့ အခုဖြစ်ပျက်နေတဲ့ အခြေအနေ တွေအပေါ်မှာ လုပ်ဆောင်ပေးနိုင် တာတွေနဲ့ ပူးပေါင်းပြီးတော့ လုပ် ဆောင်စရာလေးတွေ ရှိပါတယ်။ ကျွန်တော်တို့ပါတီဌာနချုပ်အနေ နဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီး သီးကလတ်တလောဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး တော့ ဘယ်လိုမျိုးသုံးသပ်ဆောင် ရွက်သွားမယ်ဆိုတာတွေကို လုပ် ဆောင်ပေးနေပါတယ်။ ကျွန်တော် တာဝန်ယူရတာက နိုင်ငံရေးနှင့် တိုင်းရင်းသားဆိုပေမဲ့ ဒီပြင် ရေးရာကော်မတီတွေရဲ့လုပ်ဆောင် ချက်တွေကလည်း နိုင်ငံရေးကဏ္ဍ တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့က တိုင်းရင်းသား အရေးဆိုတာကို တကယ့်ကိုထိထိ ရောက်ရောက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တာဝန် ယူဆောင်ရွက်နေရတဲ့ပါတီတာဝန် ကိုထမ်းဆောင်ရင်း ပါတီဌာနချုပ်နဲ့ ပြည်နယ်ပါတီရဲ့ပုံရိပ်ကို ပိုပြီးတော့ ကောင်းမွန်လာအောင် အကောင်း ဆုံးလုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။