images
UN
UN
ဖရီးပါမစ်ကားများကို ၂ဝ၁၅ မှ ၂ဝ၁၇ မိုဒယ် စလစ်ကားများကို ၂ဝ၁၁ မှ ၂ဝ၁၄ မိုဒယ်အထိ သတ်မှတ်ရန်ပြင်ဆင်
မင်းလွင်သစ် Sunday, 20 November 2016
၂ဝ၁၇ခုနှစ်အတွက် တင်သွင်း ရမည့် ကားမိုဒယ်သတ်မှတ်ချက် တွင် ဖရီးပါမစ်ကားများကို ၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇မိုဒယ်အထိ စလစ် ကားများကို ၂ဝ၁၁မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိ သတ်မှတ်ရန်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
''ဒီလိုမျိုးတင်သွင်းခွင့်ပြုမယ် ဆိုရင် စလစ်ကပ်ပြီးတော့ တင် သွင်းရမယ့်ကားကလည်း သိပ်မရှိ တော့ဘဲအရောင်းစင်တာတွေအနေ နဲ့လည်း အခက်တွေ့လာနိုင်ပါ တယ်။ ကားဈေးတွေကတော့ ဖရီး ပါမစ်ရော၊ စလစ်ကပ်ကားတွေပါ ဈေးတက်သွားမှာပါ''ဟုMAMDA အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကားတင်သွင်းခွင့်အရ ဖရီး ပါမစ်ကားများကို ၂ဝ၁၅-၂ဝ၁၇ မိုဒယ်ရှိသော ဘယ်မောင်းသီးသန့် ကားများကိုလည်းကောင်း၊ လုပ် ငန်းသုံးကားများကိုမူ ဘယ်/ ညာ မောင်းမခွဲခြားဘဲ ၂ဝဝ၇ မှ ၂ဝ၁၄ မိုဒယ်အထိ တင်သွင်းခွင့်ပြုမည် ဖြစ်သည်။
ခရီးသည်တင်ယာဉ်အုပ်စုဖြစ် သည့် Bus ကားများကိုလည်း ဘယ်မောင်းတစ်မျိုးတည်းနှင့် ယာဉ်အို/ဟောင်း အစားထိုးစနစ် ဖြင့် တင်သွင်းရမည့်ကားများကိုမူ ဘယ်/ညာမောင်းမခွဲခြားဘဲ ခွင့်ပြု ပေးမည်ဖြစ်သည်။
၂ဝ၁၇ခုနှစ်အတွက် ပြည်ပမှ ကားတင်သွင်းခွင့်ပြုမည့် မိုဒယ် သတ်မှတ်ချက်အရ လုပ်ငန်းသုံး ကားများအား တစ်နှစ်ခုန်မည်ဖြစ် သော်လည်း လူစီးကားတင်သွင်း ရာတွင်မူ ပြောင်းလဲမှုအနည်းငယ် ရှိလာနိုင်ကြောင်း သိရသည်။
လာမည့်နှစ်တွင် ဖရီးပါမစ် ကားများကို ဘယ်မောင်းတစ်မျိုး တည်းသာ တင်သွင်းခွင့်ပြုမည်ဆို ပါက ညာမောင်းကားများ ဈေးမြင့် တက်လာနိုင်ပြီး သိန်း ၁ဝဝ ဝန်း ကျင်ဖရီးပါမစ်ကားများ ဈေးကွက် ပျောက်ဆုံးသွားနိုင်ကြောင်း ကား ဝယ်ရောင်းများက သုံးသပ်သည်။
ယခုလက်ရှိ မြို့တွင်းကားဈေး ကွက်တွင် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက် မူဝါဒအသစ် ၏အခြေအနေကို စောင့်ကြည့်နေ ကြခြင်းကြောင့် နယ်လိုင်စင်ဖရီး ပါမစ်ကားများပါအရောင်းကျဆင်း လာပြီး နံပါတ်ထွက်ပြီး ရန်ကုန် လိုင်စင်ကားများသာ အနည်းငယ် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။