images
UN
UN
အလယ်တန်း မူလတန်းဆင့် စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
ကိုမင်း(မိုးညို) Sunday, 20 November 2016
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့ ဇောတိကရပ် ကွက် ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်းသရဖူခန်းမ၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အခြေခံပညာ အလယ်တန်း၊ မူလ တန်းအဆင့် စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် ထပ်ဆင့်အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီကကျင်းပခဲ့သည်။
အခမ်းအနားတွင်လက်ထောက် မြို့နယ်ပညာရေးမှူး ဦးသိန်းလွင် က အမှာစကားပြောကြားခြင်း၊ ဆရာကြီးဦးဝင်းလှိုင်က ကျောင်း သား ကျောင်းသူများအတွက် အရည်အချင်းပြည့်ဝသော မေးခွန်း ဖြစ်ပေါ်စေရန် နားလည်မှုနယ်ပယ်၊ သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ် သုံးရပ်ပြည့်စုံစေရန် အဓိကဖြစ် ကြောင်း၊ ထိုက်သင့်အားလျော်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုးဖြစ်စေ ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို ယမန်နေ့နှင့် ယနေ့တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး အ.ထ.က(မိုးညို)နှင့် မြို့နယ်တွင်း ရှိ (လယ်/မူပြ)ဆရာ ဆရာမ စုစုပေါင်း ၂၁ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။