images
UN
UN
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဒလမြို့နယ်ရုံးခန်းဖွင့်လှစ်
မောင်စိန်ဝင်း Sunday, 20 November 2016
ရန်ကုန်တိုင်းဒေသကြီးအိမ်ခြံမြေလုပ်ငန်းရှင် များအသင်း ဒလမြို့နယ်ရုံးခန်းဖွင့်ပွဲကို တပင်ရွှေ ထီးရပ်ကွက်ရှိဗိုလ်တေဇလမ်းမကြီးပေါ်၌ ယမန် နေ့မွန်းလွဲ ၁ နာရီကကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်နှင့်အသင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အိမ်ခြံမြေလုပ်ငန်းရှင်များ တက် ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံ မြေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ''မြို့ နယ်တိုင်းမှာ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ဝယ်၊ ရောင်း လုပ်ငန်းရှင်တွေရှိပါတယ်။ အကျိုးဆောင်လုပ်ငန်း ရှင်များလည်း ရှိပါတယ်။ ဒီလုပ်ငန်းရှင်တွေကို စုစည်းပြီးတော့ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက် နိုင်တဲ့အကျိုးကျေးဇူးများရရှိနိုင်ဖို့အတွက် ဒီလို ရုံးခွဲဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။
ခုဆိုဒီဒလမြို့နယ်မှာလည်း အိမ်ခြံမြေလုပ်ငန်း ရှင်များအသင်းရှိသွားပြီဆိုတော့ အိမ်ခြံမြေနဲ့ ပတ် သက်တဲ့ရောင်းပန်းဝယ်ပန်းကို ကာကွယ်လို့ရသွား တာပေါ့။အသင်းအစုအဖွဲ့ရှိသွားပြီဆိုတော့ အိမ်ခြံ မြေကိုဝယ်ယူကြမယ့်အများ ပြည်သူများကလည်း အသင်းရုံးခန်းမှာ လာတိုင်ပင်လို့ရပြီ၊ ဆွေးနွေး လို့ရပါပြီ။ မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူများ ကလည်း အိမ်ခြံမြေ ဝယ်ယူကြမယ်ဆိုရင် အကြံ ဥာဏ်များလာရောက်တောင်းခံနိုင်ပါတယ်''ဟု ပြောသည်။
''ကျွန်တော်တို့နိုင်ငံအတွက် က လက်ရှိအနေ အထားအရအိမ်ခြံမြေဝန်ဆောင်မှု လိုင်စင်ထုတ် ပေးဖို့ဆိုတာ စောလွန်းပါသေးတယ်။ ဘာလို့လဲ ဆိုတော့ဒီမှာက နိုင်ငံတကာလို အိမ်ခြံမြေနဲ့ပတ် သက်တဲ့သင်တန်းများမရှိသေးပါဘူး။ သင်တန်း ဆိုတာကလည်း ရက်တိုသင်တန်းမဟုတ်ဘဲ သင် တန်းကျောင်းကြီးဖြစ်တဲ့ ကောလိပ် ဒီဂရီများမရှိ ပါဘူး။ သေချာစည်းစနစ်ကျကျသင်ပေးပြီးတော့ လိုင်စင်ကိုအစိုးရကနေထုတ်ပေးမှ အောင်မြင်မယ် လို့ယူဆပါတယ်။ အလွယ်တကူထုတ်ပေးလိုက် တယ်ဆိုရင် နိုင်ငံတကာ အိမ်ခြံမြေလိုင်စင်ကိုင် ပြီးလုပ်ဆောင်နေတဲ့သူတွေကလာရောက်ပြီးအလုပ် တူတူတွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ် ကို အများကြီးထိခိုက်စေနိုင်ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာကအဆင်သင့်မဖြစ်သေးပါဘူး။ နောက် ပိုင်းကာလမှာ သင်တန်းကျောင်းကြီးများကို ပညာ ရေးဝန်ကြီးဌာနက ဦးစီးထုတ်ပြန်ပြီး၊ ပညာရေး ဝန်ကြီးဌာနအောက်မှာပဲ စာမေးပွဲဖြေပြီး ဝန်ကြီး ဌာနတစ်ခုခုက လိုင်စင်ထုတ်ပေးမယ်ဆိုရင် နိုင်ငံ တကာနဲ့ယှဉ်နိုင်တဲ့အိမ်ခြံမြေလုပ်ငန်းရှင်များ ပေါ် လာမယ်လို့မျှော်လင့်ပါတယ်။ လက်ရှိကတော့ လိုင်စင်နေရာမှာ မှတ်ပုံတင်ဆိုတဲ့ ပုံစံမျိုးနဲ့သွားဖို့ပဲ ကျွန်တော်တို့အကြံပြုထားပါတယ်''ဟုပြောသည်။
လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသ ကြီး အိမ်ခြံမြေလုပ်ငန်းရှင်အသင်းအောက်၌ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ ပရဟိတအသင်းအား တရားဝင်ဖွဲ့စည်းထားပြီး လုပ်ငန်းကောင်းသည့်အပေါ်မူတည်၍ သဘာဝ ဘေးအန္တရာယ်သင့်ပြည်သူများ၊ မိဘမဲ့ကလေး များအား ကူညီထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း ဒလမြို့နယ်အား မြို့နယ်အတွင်းရှိ အိမ်ခြံ မြေလုပ်ငန်းရှင် ၂၃ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ ကြောင်းနှင့်ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ် ငန်းရှင်အသင်း၌ လက်ရှိအသင်းဝင်ပေါင်း ၄ဝဝ ဝန်းကျင်ရှိပြီး လက်ရှိရုံးခွဲဖွင့်လှစ်ထားသော ရုံးခန်းများမှာ မြောက်ဒဂုံမြို့နယ်၊ လှည်းကူးမြို့ နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒလမြို့နယ်တို့ဖြစ် ကာ ရုံးခွဲများထပ်မံဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင် များအသင်းမှ သိရသည်။