images
UN
UN
EAC ဥရောပအာရှကော်မာရှယ်ကုမ္ပဏီလီမိတက်မှ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်
လှဝင်း(နတ်မောက်) Sunday, 20 November 2016
မကွေးတိုင်းဒေသကြီး နတ် မောက်မြို့ အောင်ဆန်းရပ်ကွက်၌ ယနေ့ နံနက် ၉ နာရီကEAC ဥရောပအာရှကော်မာရှယ်ကုမ္ပဏီ လီမိတက်EAC FOUNDATION မှ လှူဒါန်းသည့်ကျောင်း ဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ် ခြင်းကိုအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးဌေးအောင်၊ မကွေး တိုင်းဒေသကြီး ပညာရေးမှူး တာဝန်ခံညွှန်ကြားရေးမှူး ဦးတင် အောင်လင်းနှင့် ကျောင်းဆောင် သစ်အလှူရှင်EAC ဥရောပ အာရှကော်မာရှယ်ကုမ္ပဏီလီမိ တက် မန်နေဂျာဦးစောအောင်တို့ က ကျောင်းဆောင်သစ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနား တွင်မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့လူမှုရေးဝန်ကြီးနှင့်မကွေးတိုင်း ဒေသကြီး ပညာရေးမှူးတာဝန်ခံ ညွှန်ကြားရေးမှူးတို့က ပညာရေး ဆိုင်ရာလမ်းညွှန်ချက်များကို ရှင်း လင်းခဲ့ကြပြီးEAC ဥရောပအာရှ ကော်မာရှယ်ကုမ္ပဏီလီမိတက်က ကျောင်းဆောင်သစ်၊ ကျောင်းသုံး ကျောက်သင်ပုန်း၊စာသင်ခုံနှင့်ပတ် သက်သည့်စာရွက်စာတမ်းများကို ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ကျောင်းအုပ်ဆရာမကြီးဒေါ်ခင် ဝင်းဦးအား လွှဲပြောင်းပေးအပ်ခဲ့ သည်။အဆိုပါကျောင်းသည် အလျား ပေ၉ဝ၊အနံ ပေ၃ဝနှင့် အမြင့် ၁၂ ပေရှိအာစီ၊သွပ်မိုးဖြစ်ပြီး EAC ဥရောပအာရှကော်မာရှယ်ကုမ္ပဏီ လီမိတက်မှ ကုန်ကျငွေကျပ် ၃၈၄၈၁ဝဝဝ ဖြင့် ဆောက်လုပ် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။