images
UN
UN
တစ်ဦးချင်းကားတင်သွင်းခွင့်လိုင်စင်ပါမစ်လျှောက်ထားခြင်း ဒီဇင်ဘာလနောက်ဆုံးပတ်ထိခွင့်ပြုမည်
မင်းလွင်သစ် Tuesday, 22 November 2016
တစ်ဦးချင်းကားတင်သွင်းခွင့်လိုင်စင်ပါမစ်လျှောက်ထားခြင်းကို လာမည့်ဒီဇင်ဘာလကုန်ပိုင်းနောက်ဆုံးထား၍ လျှောက်ထားခွင့်ပြုမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။
ကားတင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို နှစ်စဉ် ပြောင်းလဲမှုများပြုလုပ်လေ့ရှိပြီး တစ်ဦးချင်းကားတင်သွင်းခွင့်လိုင်စင် ပါမစ်လျှောက်ထားခြင်းကို လာမည့်ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထား၍ ခွင့်ပြုထားကြောင်း၊ ပြီးခဲ့သည့်ယမန်နှစ် ဒီဇင်ဘာလအတွင်းကမူ လိုင်စင် ပါမစ်လျှောက်ထားရာတွင် တစ်ရက်လျှင်ကားအစီးရေ ၂ဝဝဝ ဝန်းကျင် ခန့်အထိရှိခဲ့ကြောင်း သိရသည်။
''ဒီနှစ်အနေနဲ့တော့ ကားမိုဒယ်ထုတ်ပြန်ချက်ကို ကြိုတင်ထုတ်မှာ ဖြစ်တဲ့အတွက် လိုင်စင်ပါမစ်လျှောက်တာကိုလည်း နှစ်ကုန်ပိုင်းအထိ နောက်ဆုံးထားသတ်မှတ်ဖို့ရှိပါတယ်''ဟု အဆိုပါဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောသည်။
တစ်ဦးချင်းပါမစ်လျှောက်ထားမှုအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နှင့် ကားအရောင်းစင်တာများ ၂ဝ၁၁ မိုဒယ်အောက်လူစီးယာဉ်သွင်း ကုန်ပါမစ်လျှောက်ထားခြင်းကို အောက်တိုဘာ ၃၁ ရက်အထိခွင့်ပြု ပေးထားခဲ့ကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ်အတွက် ပြည်ပမှတင်သွင်းရမည့်ကားမိုဒယ်သတ် မှတ်ချက်များကို နိုဝင်ဘာလနောက်ဆုံးပတ်တွင် ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း သိရသည်။
လာမည့်နှစ်အတွက် ကားတင်သွင်းခွင့် မိုဒယ့် နမေ သတ်မှတ်ချက် များကို ထုတ်ပြန်ပေးမည့်အချိန်နှင့် ဃှုင်္ အပြောင်းအလဲကို စောင့်ကြည့်နေ ခြင်းကြောင့် ယခုနှစ်ကုန်ပိုင်းအထိ ကားဈေးကွက်ငြိမ်သက်နေနိုင်ကြောင်း ကားဝယ်ရောင်းအချို့က သုံးသပ်သည်။