images
UN
UN
Grand i-10 ကားအား အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့်ရောင်းချ
ခင်ရူပါဇော် Tuesday, 22 November 2016
တောင်ကိုရီးယားနိုင်ငံထုတ်Brand New Hyundai မော်တော် ယာဉ်များကို မြန်မာနိုင်ငံတွင်Hyundai Motor Myanmar Showroom မှ တရားဝင်တစ်ဦးတည်းကိုယ်စား လှယ်အဖြစ်တင်သွင်းရောင်းချလျက် ရှိကြောင်း သိရသည်။
Hyundai Motor Myanmar Showroom မှ Hatchback အမျိုး အစားံHyundai Grand i-10ကို နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပရိုမိုးရှင်းအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ကြောင်း သိရ သည်။
အဆိုပါအစီအစဉ်တွင် လက် ငင်းဝယ်ယူမည်ဆိုပါက အမေရိ ကန်ဒေါ်လာ ၂ဝဝဝ လျှော့ချပြီး (ဒေါ်လာ ၁၆၆ဝဝ)ဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ရာ အရစ်ကျဖြင့် ဝယ်ယူမည်ဆိုလျှင် ကားတန်ဖိုး၏ ၂ဝရာခိုင်နှုန်းဖြစ်သော အမေရိကန် ဒေါ်လာ ၃၇၂ဝကို ပထမဦးစွာပေး သွင်းရမည်ဖြစ်ကြောင်း သိရသည်။
Hyundai Grand i-10 သည် အင်ဂျင်ပါဝါ ၁.၂၁ စီစီရှိ ဓာတ်ဆီ အင်ဂျင်သုံး Auto Steering နှင့် Auto ဂီယာ(4speed) ယာဉ်အမျိုး အစားဖြစ်ပြီး လုံခြုံရေးအတွက် လေအိတ် နှစ်လုံး၊ ABS စနစ်၊ Parking sensors ၊ရှေdiscBreaks နှင့်နောက် Drums Breaks system စသည့် ခေတ်မီနည်းပညာများပါရှိ သည့်အပြင်Hyundai Motor Myanmar Showroom တွင် တင် သွင်းရောင်းချနေသောမော်တော် ယာဉ်အားလုံးကိုသုံးနှစ်(သို့မဟုတ်) ကီလိုတစ်သိန်း အာမခံပေးထား သည်ဟုသိရသည်။