images
UN
UN
သယံဇာတရပိုင်ခွင့်အတွက် စစ်တွေမှကျောက်ဖြူသို့ လမ်းလျှောက်ချီတက်တောင်းဆို
Rakhine News Agency Tuesday, 22 November 2016
ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတများကို ရခိုင်ပြည်သူ လူထုက စီမံအသုံးပြုခွင့် ရရှိရေး အတွက် စစ်တွေမြို့မှ ကျောက်ဖြူ မြို့သို့လမ်းလျှောက်ချီတက်တောင်း ဆိုပွဲကိုယမန်နေ့တွင် စတင်ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ချီတက် တောင်းဆိုပွဲကို ရခိုင့်သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး လမ်းလျှောက်ချီတက် တောင်းဆိုသူများသည် ယမန်နေ့ နံနက် ၇နာရီခွဲတွင် စစ်တွေမြို့ ဝင်္ကဘာကွင်းမှ စတင်ထွက်ခွာ သွားသည်။
အဆိုပါ လမ်းလျှောက်ချီတက် တောင်းဆိုပွဲတွင် လူဦးရေ ၇ဝ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပြီး ရခိုင် ပြည်နယ်တွင်သယံဇာတအများဆုံး ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်သည့် ကျောက်ဖြူမြို့သို့ ယခုလ ၂၇ရက် တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတများကို ရခိုင်ပြည်သူ လူထုမှ စီမံအသုံးပြုခွင့်ရရှိရေး လမ်းလျှောက်ချီတက် တောင်းဆို သူများသည် ပုဏ္ဏားကျွန်း၊ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မအီနှင့်ရမ်းဗြဲမြို့များသို့ ဖြတ်သန်း သွားရမည်ဖြစ်ပြီး ခရီးစဉ်တစ် လျှောက်တွင် သယံဇာတရပိုင်ခွင့် နှင့်ပတ်သက်သည့် ဟောပြောပွဲ များကိုလည်း ပြုလုပ်သွားမည်ဖြစ် ကြောင်းရခိုင့်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ သိရသည်။
ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်ကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇မြို့နယ်နှင့်ချင်းပြည်နယ်ပလက်ဝ မြို့နယ်တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီးသယံဇာတစီမံအသုံး ပြုခွင့်ရရှိရေး ဒေသခံသုံးသိန်းမှ လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကိုလည်းပြုလုပ်ခဲ့ဖူးသည်။