images
UN
UN
နွားထိုးကြီးဝန်ထမ်းအိမ်ရာ တိုက်ခန်းစတင်ငှားရမ်း
ဌေးမြင့်မောင်(နွားထိုးကြီး) Tuesday, 22 November 2016
နွားထိုးကြီးတွင်ငှားရမ်းအိမ်ရာ အခက်အခဲကို ပြေလည်မှုရှိစေရန် နှင့် ပြောင်းရွှေ့လာသော ဝန်ထမ်း များနေအိမ်ငှားရမ်းမှုလွယ်ကူစေရန် မြို့နယ်ထွေ/အုပ်၏ ကြီးကြပ်မှု နှင့်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အိုးအိမ်ဦးစီးဌာနက တိုက်ခန်း ၄၆ ခန်းကိုယခုလမှစ၍ကြီးကြပ်မှုအဖွဲ့ ၏အစီအစဉ်ဖြင့်ငှားရမ်းထားပြီး ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးက ပြောသည်။
အရာရှိနှင့်ဝန်ထမ်းများကို ငှား ရမ်းပေးပြီး အမြင့်ဆုံးအခန်းငှားခ ကျပ်၇ဝဝဝသာရှိကာ ဝန်ထမ်းများ က လစာ၏ ၁ဝရာခိုင်နှုန်းသာ တိုက်ခန်းလခ ပေးရမည်ဆို၏။ တိုက်ခန်းကို ဝန်ထမ်းပြောင်းရွှေ့ လျှင် နှစ်လအတွင်း၊ အငြိမ်းစား ပင်စင်ယူလျှင်လေးလအတွင်းပြောင်း ရွှေ့ပေးရမည်ဖြစ်ပြီး တစ်ဆင့်ငှား ခြင်း၊ ရာသက်ပန်နေထိုင်ခြင်း ခွင့်မပြုဟု ¤င်းကပြောသည်။
နွားထိုးကြီးတွင် အိုးအိမ်ဦးစီး ကအခန်း၁ဝဝအတွက် လေးခန်းတွဲ သုံးထပ်ဆောင်ရှစ်ဆောင် ဆောက် လုပ်နေရာ လေးဆောင်ပြီးစီးနေပြီး နှစ်ဆောင်ကို ဘဏ္ဍာရေးခွင့်ပြုငွေ ဖြင့် ဆောက်နေသည်။
ယခုပြီးစီးသော လေးခန်းတွဲ သုံးထပ်ဆောင်လေးဆောင်ကို ရေ၊ မီးအပြည့်အစုံဖြင့် ငှားရမ်းခြင်းဖြစ် သည်။ ကျွန်တော်တို့အပြင်မှာ အိမ်လခကျပ် ၁ဝဝဝဝမှ လေးငါး သောင်းပေးနေရချိန်မှာ ထောင် ဂဏန်းနှင့် ရေ၊မီးအစုံရရှိ၍ ဝမ်း သာကြောင်း၊ ဝန်ထမ်းဘဝတွင် သင့်တင့်သော နေအိမ်၊ အဆောက် အအုံငှားရမ်းပေး၍ ကျေးဇူးတင် ကြောင်း၊ တိုက်ခန်းတွေဖြစ်၍ အဆင့်မြင့်မြင့်နေရကြောင်း ငှားရမ်း နေထိုင်သူ ဝန်ထမ်းက ပြောသည်။
ဝန်ထမ်းအိမ်ရာတွင် အိပ်ခန်း၊ မီးဖိုခန်း၊ အိမ်သာ၊ ဧည့်ခန်းတို့ ပါဝင်၍ နေထိုင်ရအဆင်ပြေမည် ဆို၏။ ယခုပြီးစီးတိုက်ခန်းများကို အရာရှိများအား မြေညီထပ်ပေးပြီး ဝန်းထမ်းအဆင့်အလိုက်အပေါ်ထပ် များ၌နေရာပေးကြောင်းသိရသည်။
ယခင်ကဝန်ထမ်းအိမ်ရာတိုက် ခန်းသည် ခရိုင်မြို့ကြီးအဆင့်၌သာ ငှားရမ်းကြပြီး ယခုနွားထိုးကြီးလို မြို့များ၌ပင်ဝန်ထမ်းအိမ်ရာစီစဉ် ပေးထား၍ နွားထိုးကြီးသို့ ပြောင်း ရွှေ့လာရေးအိမ်ရာမခက်ဘဲ တန်ဖိုး သက်သာစွာဖြင့်နေနိုင်ပြီဖြစ်ကြောင်း သိရသည်။