images
UN
UN
မျက်စိဝေဒနာရှင်များအား သတ္တမအကြိမ်မြောက်အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးမည်
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 22 November 2016
မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင်စေတီတော် ပရိဝုဏ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော် (မြစ်ကြီးနား)တွင် ဒီဇင်ဘာ ၆ရက်မှ ၁ဝ ရက်အထိ သတ္တမအကြိမ်မြောက် မျက်စိ ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုပေးသွားမည်ဖြစ်ကြောင်း သီတဂူသာသနာပြု အထောက်အကူပြုအဖွဲ့ (မြစ်ကြီးနား)ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းထံမှ သိရသည်။
''မြစ်ကြီးနားမြို့ သီတဂူစက္ခုဒါနဆေးရုံတော်မှာ အရင်အခမဲ့ စမ်းသပ်ပေးခဲ့တာ ခြောက်ကြိမ်ရှိပါပြီ။ သီတဂူစက္ခုဒါနဆေးရုံတော် ကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၃ဝ ရက်က စတင်ဖွင့်လှစ်ပြီး ၂ဝ၁၁ ခုနှစ်မှာ တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်မှ နှစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်၊ ၂ဝ၁၅ ခုနှစ်များမှာ တစ်ကြိမ်စီနဲ့ မျက်စိဝေဒနာရှင် လူနာပေါင်း ၁၁၃၃၅ ဦးကို စမ်းသပ်စစ်ဆေးပြီး ၁၆၅၆ ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ ယခု သတ္တမအကြိမ် ခွဲစိတ် ကုသပေးမှာကတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးများမှ အငြိမ်းစား မျက်စိအထူးကုပါရဂူ ဆရာဝန်ကြီးများအဖွဲ့က သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်အဓိပတိချုပ်ဆရာတော် ဒေါက်တာအရှင်Óဏိဿရရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်သွားမှာပါ''ဟု ¤င်းက ဆက်လက်ပြော ကြားသည်။
အဆိုပါသီတဂူစက္ခုဒါနဆေးရုံတော်တွင် စမ်းသပ်ခွဲစိတ်ကုသ ခံလိုသော မျက်စိဝေဒနာရှင်များသည် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ လည်းကောင်း၊ လူနာနှင့်လူနာစောင့်များအတွက် အာဟာရဒါနလှူ ဒါန်းလိုသူများသည် ယနေ့မှစ၍လည်းကောင်း၊ ဖုန်းနံပါတ်-ဝ၇၄၂၉၅ဝဝ၊ ဝ၄၇၂၉၅ဝ၅ နှင့် ဝ၉-၄၇ဝ၂၆၁၂၁တို့သို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်းလှူဒါန်းနိုင်ကြောင်း သိရသည်။