images
UN
UN
ချင်းတွင်းမြစ်တစ်လျှောက် ရွှေတူးဖော်မှုများအမြန်ဆုံးရပ်တန့်ပေးရန် ဒေသခံဌာနေတိုင်းရင်းသားများ သဘောထားထုတ်ပြန်
နေထက်ဝေ၊ မင်းဟိန်း Tuesday, 22 November 2016
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းချင်းတွင်းမြစ်ရိုးတစ် လျှောက်တွင် ရွှေတူးဖော်မှုများ အမြန်ဆုံးရပ်တန့်ပေးရန်အတွက် ဒေသခံဌာနေတိုင်းရင်းသားများက လုံးဝလက်မခံကြောင်း သဘော ထားကြေညာချက်တစ်စောင်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။
အဆိုပါ ကြေညာချက်ကို ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် နေထိုင်လျက်ရှိသော ရှမ်းနီနှင့် ကူကီးတိုင်းရင်းသားများနေထိုင် သည့်ကျေးရွာ ၁၂ ရွာမှ ကိုယ်စား လှယ်စုစုပေါင်း ၂၈ ဦးက ဟုမ္မလင်းမြို့တွင် နှစ်ရက်ကြာ နှီး နှောဖလှယ်ခြင်းနှင့် တွေ့ဆုံဆွေး နွေးပွဲပြုလုပ်ခဲ့ပြီး ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရွှေတူးဖော်မှုကြောင့် မိမိတို့ တောသူတောင်သားများ စိုက်ပျိုး မြေနေရာပျက်စီးခြင်း၊ သောက်သုံး ရေများရှားပါးခြင်း၊ ကျွဲ၊ နွားများ အတွက် စားကျက်မြေများ ပျောက် ဆုံးခြင်း၊ ရွှေတူးဖော်သည့်နေရာ ချိုင့်ခွက်များအတွင်း ကျွဲ၊ နွားများ ပြုတ်ကျသဖြင့် သေဆုံးခြင်းများ၊ ရာဇဝတ်မှု ပိုမိုများပြားလာခြင်း၊ ကျေးရွာများအတွင်း စည်းလုံးညီ ညွတ်မှုပျက်ပြားလာခြင်း၊ သီးပင် စားပင် ရှားပါးခက်ခဲလာခြင်း၊ သဘာဝဆေးမြစ်များ ပျောက်ကွယ် သွားခြင်း၊ တောရိုင်းတိရစ္ဆာန်များ တဖြည်းဖြည်း မျိုးသုဉ်းပျောက် ကွယ်လာသည့်အပြင် မူးယစ် ဆေးဝါး ပြဿနာများမှာလည်း ရွှေမျော၊ ရွှေတူးဖော်မှုကုမ္ပဏီများ ဝင်ရောက်သည့် နေရာတိုင်းတွင် တရားဝင်ပုံစံဖြင့် ရောင်းဝယ်ခွင့် ရရှိနေသောကြောင့်ရပ်ရွာရှိလူငယ် များမှာ မူးယစ်ဆေးဝါး သား ကောင်အဖြစ်ရောက်ရှိနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရွှေတူးဖော်သည့် လုပ် ငန်းများဝင်ရောက်လာခြင်းကြောင့် အမျိုးသမီးများမှာလည်း တော တောင်အတွင်း ဆေးမြစ်နှင့် သစ်ဥ သစ်ဖုများ၊ ဟင်းသီးဟင်းရွက်များ မရှာဖွေနိုင်တော့ကြောင်းသိရသည်။
''အရင်ကဆို ကျွန်မမှာ မနက်ထမင်းချက်ပြီးရင် တောထဲ သွားပြီး ဟင်းသီးဟင်းရွက်တွေရှာ တယ်။ လက်ဖက်ခူးတယ်။ အပြန် အိမ်သုံးဖို့ ထင်းကောက်တယ်။ဘယ်အမျိုးသမီးမှ မုဒိမ်းအကျင့် ခံရတယ်ဆိုတာမရှိဘူး။ အခုကျ တော့ အခြားနယ်ကမျောလုပ်သား တွေလာတဲ့အခါကျတော့ ဖြစ် လိုက်တဲ့မုဒိမ်းမှု။ ခုဆို ဘယ်သူမှ မသွားရဲကြတော့ဘူး'' ဟု မျော လုပ်ငန်းတည်ရှိသည့် ကျေးရွာ တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။