images
UN
UN
ကျောက်ဆည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေး
သီဟထွန်း(နဝရတ်မြေ) Tuesday, 22 November 2016
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီ၁၅မိနစ်က ခရိုင်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
အဆိုပါ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် မြင့်သန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစန်းမြင့်နှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမိုးထွန်း၊ အတွင်း ရေးမှူး ဦးဆွေဦးနှင့် နယ်မြေပါတီတာဝန်ခံများ၊ ကော်မတီဝင်များ၊ မဲဆန္ဒနယ်မြေအမှတ်(၁)မှ ရပ်ကျေးစည်း/မှူးများ၊ ပါတီကေဒါ အမျိုးသားအမျိုးသမီးများ အင်အား ၇၆ ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ဆွေးနွေးပွဲတာဝန်ခံမြို့နယ် ပါတီကော်မတီ ဝင် ဦးတင်မင်းမြတ်ဦးက ဆွေးနွေးပွဲရည်ရွယ်ချက်နှင့် လုပ်ငန်းများ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နယ်မြေခံစည်းမှူးများနှင့် ပါတီကေဒါ ကော်မတီဝင်အမျိုးသားအမျိုးသမီးများအား ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်နှင့်ခရိုင်ပါတီကော်မတီဝင် ဒေါ်ဥမ္မာ သောင်တို့က ပါတီလုပ်ငန်းနှင့် စည်းရုံးရေစွမ်းရည်မြှင့်တင်ရေး ဘာသာရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။