images
UN
UN
ပြည်ထောင်စုရှေ့နေချုပ်ကိုယ်စား ဒုတိယရှေ့နေချုပ်ကှုICSID မှ Secretary General အား လက်ခံတွေ့ဆုံ
Tuesday, 22 November 2016
ပြည်ထောင်စုရှေ့နေချုပ်ကိုယ် စား ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် သည်International Center for Settlement of Investment Disputes (ICSID) မှ Secretary General ဖြစ်သူ Ms.Meg Kinnear အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိသံတမန် ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ် ဒုတိယ ရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေ ချုပ်ရုံးရှိ ဥပဒေစိစစ်ရေးဌာနသည် စီးပွားရေးဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများအပါအဝင် သက်ဆိုင် ရာဝန်ကြီးဌာနများက အပြီးသတ် ရေးဆွဲတင်ပြလာသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ(မူကြမ်း)များကို စိစစ်၍ အကြံပြုရပါကြောင်း၊ ထိုသို့ စိစစ်ရာတွင် နိုင်ငံတကာသဘော တူညီချက်များနှင့် ညီညွတ်စေရေး အတွက်လည်း လေ့လာအကြံပြုရ ပါကြောင်း၊ ဥပဒေအကြံဥာဏ်ပေး ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ အစိုးရဌာနအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူ များအကြား ချုပ်ဆိုသည့်JV, BOT, PSC စသည့် စီးပွားရေးစာ ချုပ်စာတမ်းများအပေါ် စိစစ်အကြံ ပြုရပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေအသစ်ကို ၂ဝ၁၆ခုနှစ် အောက်တိုဘာလအတွင်း ပြဋ္ဌာန်း ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရန် ကြိုးပမ်းလျက် ရှိပါကြောင်း၊ အငြင်းပွားမှုဖြေရှင်း ရေးနှင့်စပ်လျဉ်း၍ ယခင် ၁၉၄၄ ခုနှစ် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကို ရုပ်သိမ်းပြီး ၂ဝ၁၆ ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေအား UNCITRAL Model Law ကို အခြေပြု၍ ရေးဆွဲပြဋ္ဌာန်း ခဲ့ပါကြောင်း၊ အငြင်းပွားမှုဖြေရှင်း ရေးလုပ်ငန်းစဉ်ကို အထောက် အကူပြုနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ သည် NewYork Convention 1958 ကို ၂ဝ၁၃ခုနှစ် ဧပြီ ၁၆ ရက်၌ အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးICSID မှSecretary General Ms. Meg Kinnear ကICSID သည် ကမ္ဘာ့ဘဏ်၏ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ အကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံအားICSID Convention တွင် အဖွဲ့ဝင်အဖြစ် ပါဝင်စေလိုပါ ကြောင်း၊ လိုအပ်သည့်ပူးပေါင်းကူ ညီမှုများ ပြုလုပ်သွားမည်ဖြစ် ပါကြောင်း ဆွေးနွေးပြောကြားခဲ့ ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည် ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြား ရေးမှူးချုပ်ဦးအောင်နိုင်နှင့်ညွှန်ကြား ရေးမှူးဒေါက်တာကြည်ကြည်သန်း အောင်တို့လည်း တက်ရောက်ခဲ့ ကြသည်။