images
UN
UN
စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်နေမှုအား ထိရောက်စွာအရေးယူဆောင်ရွက်ပေးစေလို
နိုင်လင်းကျော် Wednesday, 23 November 2016
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ဥတ္တမ လမ်းမကြီး မှော်စက်ရပ်ကွက်နှင့်ကျန်းမာရေး ဝန်ထမ်းအိမ်ရာရပ်ကွက်လမ်းထောင့်ရှိ မြေကွက် လပ်အတွင်း၌ အနီးပတ်ဝန်းကျင်မှနေထိုင်ကြသော လမ်းသူလမ်းသားများသည် စည်းကမ်းမဲ့အမှိုက် များစွန့်ပစ်နေမှုကြောင့် လမ်းမပေါ်တွင်ပျံ့နှံ့ပြီး အနံ့ ဆိုးများ မကြာခဏထွက်၍ အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသောဒေသခံပြည်သူများ နှင့် အနီးတွင်နေထိုင်ကြသော ပြည်သူများ၏ ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိရောက်စွာအရေးယူဆောင် ရွက်ပေးစေလိုကြောင်း သိရသည်။
အဆိုပါ မှော်စက်ရပ်ကွက်နှင့် ကျန်းမာရေး ဝန်ထမ်းအိမ်ရာရပ်ကွက်များတွင် မြို့နယ်စည်ပင် သာယာရေးကော်မတီဌာနမှ အမှိုက်ပုံးများထားရှိ ၍ ဆောင်ရွက်ပေးထားသော်လည်း အမှိုက်ပုံးများ အတွင်းသို့ သွားရောက်မစွန့်ပစ်ကြဘဲ မြေလွတ် ပေါ်၌သာ စည်းကမ်းမဲ့အမှိုက်များစွန့်ပစ်နေမှုများ ကြောင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေမှုအား ပျက်စီးစေကြောင်း၊ မြေဆီလွှာများ ပျက်စီးစေ ကြောင်းနှင့် ကျန်းမာရေးဆိုးရွားစွာထိခိုက်စေနိုင် သောကြောင့် အမြန်ဆုံးဖယ်ရှားပေးစေလိုကြောင်း အနီးတွင်နေထိုင်သောပြည်သူတစ်ဦးကပြောသည်။