images
UN
UN
ရေမြုပ်သစ် တူးဖော်ရေးစီမံကိန်း
ရွှေလက် Wednesday, 23 November 2016
ရေမြုပ်သစ်တူးဖော်ရေးဆိုတာ အကြမ်းအားဖြင့် ရေထဲမှာနစ်မြုပ်ပျောက်ကွယ်ပျက်စီးသွားတော့မယ့် သစ်တွေကို ပြန်လည်ဆယ်ယူတဲ့လုပ်ငန်းလို့ဆိုရမှာပါ။ ရေမြုပ်သစ်တူးဖော်ရေးစီမံကိန်းကို ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက် တွေကနေ စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပြီး အဲဒီမှာအောင်မြင်ရင် ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့မြစ်လက်တက် တွေမှာ တိုးချဲ့လုပ်ကိုင်ဖို့ လျာထားပါတယ်တဲ့။ ၁၉၈၇-၁၉၈၈ခုနှစ်က ရေမြုပ်ကျွန်းသစ်လုံး ၂ဝဝဝနဲ့ ပိတောက်သစ်လုံး ၄ဝဝ ကို ရန်ကုန်မြစ်ကနေ ထုတ်ယူခဲ့ဖူးတယ်လို့ ကုမ္ပဏီရဲ့မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံဟာသစ်တောသယံဇာတ ပြေါ<ွကယ်တဲ့နိုင်ငံဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော်ကစပြီး သစ်ထုတ် လုပ်ရေးလုပ်တဲ့အခါမှာ သစ်လုံးတွေကို ဖောင်ဖွဲ့ပြီး ချင်းတွင်းနဲ့ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် သယ်ယူပို့ဆောင် ခဲ့ကြပါတယ်။ အဲဒီလို သယ်ယူပို့ဆောင် ခဲ့တဲ့နေရာမှာ အချို့သစ်လုံးတွေက ဆိုး ရွားတဲ့ရာသီဥတုနဲ့ ပြင်းထန်တဲ့ရေစီး ကြောင်းများကြောင့် သစ်ဖောင်ကနေ ပြုတ်ထွက်ပြီး ရေအောက်နစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သတင်းအချက်အလက်တွေအရ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ သစ်တန် ပေါင်း ၂၆၁၃၉၉ ဆုံးရှုံးခဲ့တယ်လို့ သိရ ပါတယ်။ အဲဒီအထဲကမှ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ မန္တလေး ဂေါဝိန်၊ စစ်ကိုင်း၊ ပြည်၊ ဗန်းမော်၊ ဆင်ဘို၊ ပခုက္ကူ၊ အင်းဝ၊ ကသာ၊ မုံရွာ၊ မော်လိုက်၊ သံလွင်နှင့် စစ်တောင်း မြစ်ကြောင်းတစ်လျှောက် သစ်လုံး စုစုပေါင်းတန် ၂၆ဝဝဝ ခန့် ဆယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
ပထမဦးစွာ ရေမြုပ်သစ်ရှာဖွေသော သင်္ဘောငယ်ပေါ်မှာနောက်ဆုံးပေါ်အဆင့် မြင့် ခေတ်မီပုံရိပ်ဖော်စက် (Soner) နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ မှ ၁ဝဝအတွင်း နစ်မြုပ်ခဲ့သော ကျွန်းသစ်လုံးတွေကို တစ် လုံးချင်းဆယ်ယူပါမယ်။ လုပ်ငန်းနဲ့ သစ် လုံးဖော်ယူတဲ့အခြေအနေအပေါ်မူတည်ပြီး USA က နစ်မြုပ်သစ်တူးဖော်ဖို့ အထူး ပြုလုပ်ထားတဲ့ Boat တွေကို ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ သစ်တွေ့ရှိပါက GPS နဲ့ မှတ်တမ်းတင်ခြင်း၊ တည်နေရာ သတ်မှတ်ပြီး ကျွမ်းကျင်တဲ့ ရေငုပ်သမား တွေကို ဆင်းငုပ်စေမှာပါ။ ရေငုပ်သမား တွေရဲ့ဦးခေါင်းစွပ် (Helmet) တပ်ဆင် ထားတဲ့ Sophisticated underwater microphone မှရရှိတဲ့ ရေအောက်အနေ အထားပေါ်မူတည်ပြီး Boat ပေါ်ကနေ ကိရိယာနဲ့ သစ်လုံးကို Winch နဲ့ ချိတ်ယူ ဖော်ထုတ်မှာဖြစ်ပါတယ်။
ဖော်ယူရရှိတဲ့သစ်လုံးတွေကို Pontoon Helper Boats နဲ့တွဲယူပြီး သက် ဆိုင်ရာအစိုးရအဖွဲ့က သတ်မှတ်ထားတဲ့ သစ်ဆိပ်၊ မြစ်ဆိပ်တွေဆီ ပို့ဆောင်ကာ အမျိုးအစားခွဲခြားခြင်း၊ တိုင်းတာစာရင်း သွင်းခြင်းတို့ပြုလုပ်ပြီး ထိန်းသိမ်းထား ရှိပါမယ်။ ရေမြုပ်သစ်တူးဖော်တဲ့လုပ်ငန်း အဆင့်ဆင့်ကို ဗီဒီယိုကင်မရာနဲ့ ရိုက်ကူး ထားမယ်လို့ဆိုပါတယ်။
ရေမြုပ်သစ်တွေဟာ မြစ်ကြောင်း အနှံ့မှာတည်ရှိနေနိုင်ပြီး ရေပေါ်သို့မတော် တဆထိုးပေါ်လာခြင်းကြောင့် ကုန်တင် သင်္ဘောနဲ့ခရီးသည်တင်သင်္ဘောတွေကို ထိခိုက်ကာအသက်အန္တရာယ်ဖြစ်စေခြင်း၊ ကုန်ပစ္စည်းဆုံးရှုံးခြင်းတွေအပြင် ရေလမ်း ကြောင်းပိတ်ဆို့မှု အခက်အခဲတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီလိုအဖြစ် အပျက်တွေဟာပြည်တွင်းမှာဖြစ်ခဲ့ဖူးသလို အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာ မှုတွေမှာလည်းဖြစ်ခဲ့ဖူးပါတယ်။ ရေမြုပ် သစ်တွေကြောင့် မြစ်တွေဟာ ရေစီးဆင်း မှုအားလျော့နည်းပြီး မိုးရာသီမှာ ရေကြီး ရေလျှံမှုတွေကို အားပေးရာ ရောက်နေပါ တယ်။ ဒါကြောင့် ရေမြုပ်သစ်တွေကို ဆယ်ယူလိုက်တဲ့အတွက်မြစ်ကြောင်းတွေ ရဲ့ရေစီးရေလာကောင်းမွန်ပြီး ရေကြီး ရေလျှံမှုကို အထိုက်အလျောက်သက်သာ စေနိုင်မှာဖြစ်ပါတယ်။
ရေမြုပ်သစ်တူးဖော်တဲ့လုပ်ငန်းဟာ မူရင်းသစ်တောတွေကိုခုတ်ယူတာမဟုတ် တဲ့အတွက် သစ်တောပြုန်းတီးမှုကိုကာ ကွယ်နိုင်ပြီး လမ်းသစ်မဖောက်၊ ယန္တရား အသုံးမပြုဘဲ သစ်လုံးတန်ချိန်ထောင် ပေါင်းများစွာပြန်ရရှိပြီး သဘာဝဂေဟ စနစ်ကိုထိန်းသိမ်းနိုင်ခြင်း၊ပြည်ပနိုင်ငံများ သို့ သစ်တင်ပို့မှုကို အဆက်မပြတ်ပြုလုပ် နိုင်တဲ့အတွက်နိုင်ငံခြားဝင်ငွေရရှိစေခြင်း၊ နိုင်ငံတော်ရဲ့ GDP (Gross Domestic Product) တိုးတက်ဖို့ အကူအညီပေးနိုင် ခြင်း၊ ဒေသခံလုပ်သားများကို အသုံးပြု မှာဖြစ်တဲ့အတွက် ဒေသခံများအားအလုပ် အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ပျက်စီးစေမည့် Chemical အသုံးပြုမည့်လုပ်ငန်းစဉ်များလုံးဝမပါဝင် ခြင်း၊ လုပ်ငန်းဆောင်ရွက်နေမှုအား မှတ် တမ်းတင်ဗီဒီယိုရိုက်ကူးကာနိုင်ငံတကာ သို့ထုတ်လွှင့်ပြသနိုင်ခြင်းဖြင့် ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်သော ခရီးသွားလုပ်ငန်းတစ်ခုဖြစ်လာနိုင်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏တိုင်းအတွင်း ပတ်ဝန်းကျင်ပျက်စီးမှုမရှိစေသည် Green Economy လုပ်ငန်းများလုပ်ဆောင်ရာ တွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခြင်း၊ မြစ်ချောင်းများအတွင်းရှိ ရေနေသတ္တဝါ များနှင့် ရေအောက်သယံဇာတပစ္စည်းများ အား ထိန်းသိမ်းကာကွယ်နိုင်ခြင်း အကျိုး ကျေးဇူးကို ရရှိစေမယ်လို့ဆိုပါတယ်။

ထို့အပြင် မြန်မာနိုင်ငံဟာရေမြုပ်သစ် ရှာဖွေခြင်းမှ သဘာဝပတ်ဝန်းကျင်စိမ်း လန်းစိုပြည်ရေး သမိုင်းဝင်အသိအမှတ်ပြု မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ ဘဏ်၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေ ရဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေကိုလည်း လက်ခံရ ရှိနိုင်ပါတယ်။ နောက်ပြီး Forest Forever Pact ဖောင်ဒေးရှင်းကို ထူထောင် ထားသူတစ်ဦးဖြစ်တဲ့ မိုနာကိုနိုင်ငံမှ တော်ဝင်မင်းသား အဲလ်ဘတ်ဟာ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ် ငန်းတွေကို ကူညီပေးဖို့စိတ်ဝင်စားပြီး သူတို့ရဲ့အဖွဲ့ဝင်တွေဟာ အဖိုးတန်ရွက်လှေ နဲ့ ဒီဇိုင်းတွေအတွက် နစ်မြုပ်သစ်တူးဖော် တဲ့လုပ်ငန်းကို အထူးစိတ်ဝင်စားစောင့် ကြည့်နေတယ်လို့သိရပါတယ်။
အဆိုပါ ရေမြုပ်သစ်တူးဖော်ရေး လုပ်ငန်းကို ယခင်သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ လမ်း ညွှန်ချက်အရ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းမှတ်ချက်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ထောက်ခံချက်နဲ့ ကန့်ကွက်ရန်မရှိကြောင်း သဘောထား မှတ်ချက်တွေကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရအပြောင်းအလဲကြောင့် လုပ်ငန်းတွေ ဆက်လက်မလုပ်နိုင်ခဲ့ဘဲ ယခုအစိုးရလက်ထက်မှာ ဆက်လက် လုပ်ကိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ထပ်မံတင်ပြထားတယ်လို့ သိရပါတယ်။
ယေဘုယျအားဖြင့် ကြည့်ရင်တော့ ရေမြုပ်သစ်တူးဖော်ရေးလုပ်ငန်းဟာ ရေ အောက်မှာ နစ်မြုပ်ပျောက်ကွယ်သွား တော့မယ့် နိုင်ငံတော်ရဲ့အဖိုးတန်သစ် တွေကိုပြန်လည်တူးဖော်မှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် အလွန်ကောင်းမွန် တဲ့လုပ်ငန်းတစ်ခုပါပဲ။ဒါပေမဲ့လည်း မြစ် တွေရဲ့မြေအောက်ကြမ်းပြင်မှာရှိတဲ့ သစ် လုံးတွေကို တူးဖော်ယူမှာဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ် ပေါ်လာနိုင်ပါတယ်။ ဒီလုပ်ငန်းမှာ ပါဝင် လုပ်ကိုင်မယ့်သူတွေကလည်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေး ထားသူတွေဖြစ်တဲ့အတွက် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ကြောင်း တစ်လျှောကIEE (Initial Environment Examination) နှင့် EMP (Environmental Management Plan) ရီပို့စ်တွေအတွက် ဒေါက်တာဝင်းမောင် ဦးဆောင်တဲ့ EMC Co.Ltd. နဲ့ ပူးတွဲ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံအတွင်းမှာ စီမံကိန်းတွေလုပ်တဲ့အခါ ပွင့်လင်း မြင်သာမှုဟာ အလွန်အရေးကြီးပါတယ်။ အစိုးရနဲ့ကုမ္ပဏီတွေက စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ စီမံကိန်းနဲ့ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုး ကျိုးတွေကို ပြည်သူတွေထံ ပွင့်ပွင့်လင်း လင်းချပြရမယ်။ စီမံကိန်းလုပ်မယ့်နေရာ က ဒေသခံတွေနဲ့ညှိနှိုင်းဆွေးနွေးရမယ်။ နောက်ပြီး စီမံကိန်းကြောင့်ရလာမယ့် အကျိုးအမြတ်နဲ့ ပြန်ပေးလိုက်ရမယ့် အရင်းအနှီးကိုလည်း ချိန်ဆရပါမယ်။ ရတာနည်းပြီး ပေးဆပ်လိုက်ရတာ၊ ပျက် စီးဆုံးရှုံးရတာများနေမယ်ဆိုရင် စီမံကိန်း ကိုမလုပ်သင့်ပါဘူး။ အခုရေမြုပ်သစ်တူး ဖော်မယ့်စီမံကိန်းဟာ အစိုးရအနေနဲ့လုပ် သင့်တဲ့စီမံကိန်းဆိုတာ ငြင်းလို့မရပါဘူး။
ဒါပေမဲ့ စီမံကိန်းကြောင့် ဖြစ်ပေါ် လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ၊လူမှုရေးဆိုင်ရာထိခိုက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေနဲ့ အခြား သောထိခိုက်မှုတွေအတွက် ကုမ္ပဏီ အနေနဲ့တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ပြည့် ဝဝရှိရမယ်။ စီမံကိန်းတွေလုပ်တဲ့နေရာမှာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်း၊ ဥပဒေ တွေ၊ ပြည်တွင်းမှာရှိတဲ့ လုပ်ထုံးလုပ် နည်းဥပဒေတွေကို စာရွက်ပေါ်မှာ လိုက် နာတာမဟုတ်ဘဲ လက်တွေ့မှာလည်း လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ အစိုးရ အနေနဲ့လည်း စည်းမျဉ်း စည်းကမ်း ဥပဒေမလိုက်နာတဲ့ ကုမ္ပဏီတွေကို ထိထိ ရောက်ရောက် အရေးယူဖို့လိုပါတယ်။ စီမံကိန်းတွေဟာ နိုင်ငံတော်အတွက် အကျိုးရှိဖို့လိုသလို ပြည်သူတွေကိုလည်း မထိခိုက်ဖို့လိုပါတယ်။ အဲဒီလိုတာဝန် ယူမှု၊ တာဝန်ခံမှု၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်း ဆောင်ရွက်မယ်ဆို ရင်တော့ ရေမြုပ်သစ်တူးဖော်ရေးစီမံ ကိန်းဟာ နိုင်ငံတော်အတွက်အကျိုးရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်တဲ့ စီမံကိန်းတစ်ခုဖြစ်ကြောင်း ရေးသား လိုက်ရပါတယ်။