images
UN
UN
မြန်မာဘောလုံးတိုးတက်ဖို့ဆိုရင်
Friday, 25 November 2016
ဘောလုံးအားကစားနည်းသည်ကမ္ဘာ တွင် (Global Sport ) ဟု ဆိုရလောက် အောင်လူကြိုက်အများဆုံးဖြစ်သလို မြန်မာ နိုင်ငံတွင်လည်း လူကြိုက်အများဆုံး National Sport တစ်ခုဖြစ်ပါသည်။ တချို့ကမြန်မာနိုင်ငံကို ဘောလုံးရူးသွပ် သည် (Football Crazy) ဟုပင် ဆိုကြ သည်။ ဆိုလည်းဆိုလောက်ပါသည်။ မြန်မာဘောလုံးအသင်းနှင့် နိုင်ငံခြား အသင်း တစ်သင်းသင်း (အထူးသဖြင့် ထိုင်းအသင်းလိုမျိုး) ကစားသည်ဆိုလျှင် ရန်ကုန်မြို့၏ ကားလမ်းများပေါ်တွင် ကားများ သိသိသာသာရှင်းနေတတ်သည်။ အကြောင်းမှာ ရန်ကုန်သားများTV ရှေ့ ရောက်ပြီးမြန်မာအသင်းကို အားပေးနေ ကြလို့ဆိုတာ ရှင်းပြစရာပင် မလိုပေ။ အလားတူ နယ်အသီးသီးတွင်လည်း ကောက်စိုက် သမများရော၊ ဆိုက်ကား၊ မြင်းလှည်းဆရာများရော၊ လက်လုပ် လက်စားသမားများကအစTV ရှေ့ ရောက်ကုန်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံက ဆင်းရဲချင် ဆင်းရဲမည်၊ နိုင်ငံ ချစ်သည့်စိတ်တွင် တခြားနိုင်ငံများထက် သာသည်ဆိုတာကို ဘောလုံးပွဲများက ဖော်ညွှန်းနေသည်ဟု ဆိုချင်ပါသည်။ ယုတ်စွအဆုံး သံဃာတော်များ၊ သီလရှင် များကပါ ဘောလုံးကိုစိတ်ဝင်စားကြသည် ကို လက်တွေ့မြင်ဖူးပါသည်။ မြန်မာ နိုင်ငံသားအားလုံး ဘောလုံးနိုင်လျှင် မျက်နှာသကာလောင်းထားသလို ပြုံး ရွှင်နေတတ်ပြီး ဘောလုံးရှုံးလျှင် တက် တခေါက်ခေါက်နှင့် ဖြစ်နေတတ်တာ လည်းအမှန်ပါ။ ဒါ့ကြောင့်လည်း ဘောလုံး ရူးသွပ်သည်(Football Crazy)ဟု ဆိုကြ တာဖြစ်မည်ဟု ထင်ပါသည်။ ကောင်း သော ရူးသွပ်ခြင်း၊ အဓိပ္ပာယ်ရှိသော ရူးသွပ်ခြင်းဖြစ်သည်။ ထင်သလောက်၊ မျှော်မှန်းသလောက်ဖြစ်မလာသည့်အခါ တစ်မျိုးသားလုံး ယူကျုံးမရဖြစ်ရပါတော့ သည်။
ဘောလုံးရူးသွပ်သူများထဲတွင် ပါဝင် သူတစ်ဦးဖြစ်၍ ဘာ့ကြောင့် မြန်မာ့ ဘောလုံးမျှော်မှန်းသလောက် မတိုးတက် ရခြင်းကို အကြိမ်ကြိမ် စဉ်းစားတွေး တောဖူးပြီး စိတ်ဝင်စားသူများနှင့်လည်း ဆွေးနွေးခဲ့ဖူးပါသည်။ သို့သော် တိကျ ရေရာသောအဖြေကို မရခဲ့ပါဟု ဆိုရပါ မည်။ တချို့က ငွေကြေးထောက်ပံ့မှု အား နည်း၍ မတိုးတက်ဟုဆိုသည်။ ဒါဆိုရင် မဟာဒူးတို့၊ တင်အောင်တို့၊ အေးမောင် ကြီးတို့ခေတ်က ငွေကြေးထောက်ပံ့မှု သိပ်ကောင်းနေလို့ အာရှချန်ပီယံအထိ ဖြစ်ခဲ့တာလား။ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရခဲ့တာလားဟု ပြန်သုံး သပ်ကြည့်တော့ ဒီလိုလည်း မဟုတ်သေး ဆိုသည့် အဖြေထွက်လာသည်။ အဲဒီ ခေတ်က ဘောလုံးနိုင်လို့ နိုင်ငံခြားက ပြန်လာလျှင် အကောင်းစား ဖောင်တိန် လေးတစ်ချောင်းလောက်သာ ရခဲ့သည် ဟု ခေတ်ဟောင်းဘောလုံးသူရဲကောင်း ကြီး မဟာဒူးပြောတာကြားခဲ့ရဖူးသည်။ နောက်ပြီး ယနေ့ခေတ် Professional အဆင့်ကူးပြောင်းဖို့ မြန်မာနေရှင်နယ် လိဂ်(MNL) ကို ၂ဝဝ၉ ခုနှစ်လောက်က စ၍တည်ထောင်ကာ ပြည်တွင်းလုပ်ငန်း ရှင်ကြီးများက ငွေကို သောက်သောက်လဲ သုံး၍အားပေးနေတာရော မြန်မာ့ဘောလုံး တိုးတက်လာလို့လားဟု စဉ်းစားကြည့် သည်။ ဒါလည်း လောက်လောက်လား လားအောင်မြင်မှု၊ တိုးတက်မှု မတွေ့ရ ဟု ဆိုရမည်ဖြစ်သည်။ မည်သို့ဆိုစေ MNLကို ၂ဝဝ၉ခုနှစ်ကတည်းက စတင် ထူထောင်ခဲ့ပြီး ဘောလုံးတစ်ခေတ် ပြောင်းအောင် ကြိုးစားခဲ့သည်ကိုတော့ ကြိုဆိုရမည်သာဖြစ်ပါသည်။ ထို့အတူ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ကလပ် အသင်းပိုင်လုပ်ငန်းရှင်ကြီးများ အကုန်အကျများစွာစိုက်ထုတ်၍ ကြိုးပမ်း ခဲ့ကြသည်ကိုလည်း အသိအမှတ်ပြုရ မည်ဖြစ်ပါသည်။ ဦးဇော်ဇော်ဆိုလျှင် တစ်နှစ်ကိုဒေါ်လာနှစ်သန်း၊ သုံးသန်း လောက်စိုက်ထုတ်သုံးစွဲနေရသလိုကလပ် အသင်းပိုင်ရှင်များအနေဖြင့်လည်းဘောလုံး အသင်းတစ်သင်းလျှင်တစ်နှစ်ကိုကျပ်သိန်း သုံးထောင်မှသိန်းတစ်သောင်းကျော်အကြား သုံးစွဲ နေရကြောင်း ကြားသိရပါသည်။ ဒါကလည်း ဘောလုံးကွင်းများကို နိုင်ငံ တော်က သုံးနှစ်အခမဲ့ ငှားရမ်းပေးခဲ့ပြီး ကလပ်အသင်းများ၏ အဆင့်မြင့်ပြုပြင် မှုများနှင့်လည်ပတ်ခဲ့ရ၍ဖြစ်ပြီး ဘောလုံး ကွင်းများအတွက်ပါဆိုလျှင် ပို၍ကုန်ကျ စရိတ်များသွားနိုင်စရာရှိပေသည်။ဘောလုံး အသင်းများ၏ဝင်ငွေကို ပြန်ကြည့်ပြန် တော့ဘောလုံးကွင်းဝင်ကြေး၊ ရုပ်သံ ထုတ်လွှင့်ကြေး၊ စီးပွားရေးလုပ်ငန်းရှင် များ၏ှစသညျသမ ကြေးတို့ဖြစ်ပြီး ဆင် ပါးစပ်နှမ်းပက်သဘောသာဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။
သို့သော် ၂ဝ၁၆ ခုနှစ်သို့ ရောက်လာ ပြီဖြစ်သည့် ယခုအချိန်အထိMNL သက်တမ်း ခုနစ်နှစ်ကျော်ကာလအတွင်း မြန်မာ့ဘောလုံးမျှော်မှန်းသလောက် တိုးတက်ခဲ့ရဲ့လားဟု ပြန်လည်ဆန်းစစ် လျှင် မျှော်မှန်းသလောက် မတိုးတက် ခဲ့ဟုသာ အမှန်အတိုင်း ဖြေရပေမည်။ ဘောလုံးအားကစားသမား တော်တော် များများကလည်း ဝင်ငွေလေးနည်းနည်း ရှိလာတော့ ချမ်းသာမှုဒဏ်ကိုမခံနိုင်ဘဲ ပျက်စီးပျောက်ကွယ်ခဲ့ရသည်များလည်း ရှိခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီး နှင့်ပြည်နယ် အဆင့်ကွင်းများကို MNL ကလပ် အသင်းများက ငှားရမ်းသုံးစွဲနေခဲ့ သဖြင့် အခြားအားကစားနည်းများ အနေဖြင့် အပြည့်အဝလေ့ကျင့်ယှဉ်ပြိုင် မှုမပြုနိုင်တော့ဘဲကျဆင်းလာတော့သည်။ နောက်ဆုံးMNL ကလပ်အသင်း များ ဖြစ်သည့်ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန်ယိန်းပိုင်ဆိုင်သည့် မနောမြေ အသင်းက ၂ဝ၁၆ သြဂုတ်လ အတွင်းက ဖျက်သိမ်းခဲ့သည်။ ယခင်စီးပွား/ ကူး သန်းဝန်ကြီး(ငြိမ်း) စီးပွား ရေးလုပ်ငန်း ရှင်ကြီးဦးဝင်းမြင့်ပိုင်ဆိုင်သည့် ဇေယျာ ရွှေမြေအသင်းကလည်း ထပ်မံဖျက်သိမ်း ခဲ့ပြန်သည်။လက်ရှိတွင် MNL(၁)အုပ်စု၌ ၁၂ သင်းရှိရာမှ ၁ဝ သင်းသာကျန်ပြီး MNL(၂)အုပ်စုတွင် ၁၂ သင်းရှိသည်။ ထိုအသင်းများကို တန်းဆင်းတန်းတက် စနစ်ဖြင့် ဆက်လက်ယှဉ်ပြိုင်လျက် ရှိသည်။ MNL ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းကတော့MNL ကို အပျက်ခံမည်မဟုတ်ကြောင်း၊ အောင် မြင်မှုမရမချင်း ပန်းတိုင်ရောက်သည် အထိ ဆက်လက်ချီတက်သွားမည်ဖြစ် ကြောင်း ပြောခဲ့တာကြားရ၍ အားတက် ကြိုဆိုချီးကျူးမိပါသည်။
သို့ဖြစ်၍ 'မြန်မာဘောလုံးတိုးတက်ဖို့ ဆိုရင်' ဆိုသည့် ခေါင်းစဉ်တပ်ပြီးရှိခဲ့ဖူး သည့်အတွေ့အကြုံ အသိဥာဏ်တို့ကို အခြေခံကာ ဤဆောင်းပါးဖြင့် အကြံပြု တင်ပြရခြင်းဖြစ်ပါသည်။
ပထမဆုံးအရေးကြီးလိုအပ်ချက်မှာ စုပေါင်းစွမ်းဆောင်ရည် (Integrated-effort)ရယူနိုင်ရေးပင်ဖြစ်သည်ဟု ဆိုချင် ပါသည်။ ဆိုလိုသည်မှာ မြန်မာ့ဘောလုံး တိုးတက်ရေးအတွက် နိုင်ငံတော်ပိုင်းက သတ်သတ်၊ စီးပွားရေးလုပ်ငန်း ရှင်ကြီး များဦးဆောင်သည့် MNL အပိုင်းက သတ်သတ်သီးခြားစီကျင့်သုံးဆောင်ရွက် နေမှုကိုရပ်ဆိုင်းပြီး အားလုံးစုပေါင်း၍ ဦးထမ်းပဲ့ထမ်းဆောင်ရွက် ကြဖို့ပင်ဖြစ်ပါ သည်။ ယခုလည်းဆောင်ရွက်နေတာပဲဟု ပြောလိုကပြောနိုင်သော်လည်း တကယ် တမ်းထဲထဲဝင်ဝင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှုမရှိသေးဟုဆို ချင်ပါသည်။ နိုင်ငံတော်အပိုင်းကလည်း ပြိုင်ပွဲလေးတွေဖွင့်ပေးလိုက်၊ သွားအား ပေးလိုက်သဘောသာရှိပြီး လက်တွေ့ လုပ်ဆောင်နေသော အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် မှုအားနည်းနေသေး သည်ဟုမြင်ပါသည်။ အားကစားတိုး တက်ရန်မှာအလွယ်တကူ နေ့ချင်းညချင်း မန်းမှုတ်ပြီးလုပ်၍မရနိုင်သည်ကိုအားလုံး သိပြီးဖြစ်၍အထူးပြောရန်မလိုပါ။ ထို့ ကြောင့်စီမံချက်ရေးဆွဲပြီး တစ်နှစ်ကို နိုင်ငံတော်ဘတ်ဂျက်မည်မျှသုံးစွဲမည်၊ မည်သည့်အားကစားနည်းများကို ဦးစား ပေးမည်။ အားကစားသမား လိုအပ်ချက် ခါးဆက်မပြတ်စေရေးအတွက် လူငယ် သွေးသစ်များကို မည်သို့မွေးထုတ်မည်၊ အားကစားနှင့်ပညာရေး မည်သို့ပေါင်း စပ်မည်၊ အားကစားသမားလူငယ်များ ကို မည်သို့လေ့ကျင့်မည်၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာမြင့်မားဖို့ မည်သို့ထိန်းသိမ်းမည် စသည်ဖြင့် ညှိနှိုင်းတိုင်ပင်စီမံဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ အားကစား သည် နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်သဖြင့် အား ကစားအတွက် နိုင်ငံတော်၏ရင်းနှီး မြှုပ်နှံ မှုသည်လည်းမနိမ့်ကျသင့်ပါ။ ထိုက်သင့် သည့်ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်သင့်ပါသည်။ အားကစားတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်ဂုဏ်သိက္ခာအတွက် ရင်းနှီး မြှုပ်နှံမှုဖြစ်သည်ကို မမေ့သင့်ပါ။ ရှုံးမှ ဟိုလူ့ပုံချ၊ဒီလူ့ပုံချသဘောမျိုးမဖြစ်သင့်ဘဲ နိုင်အောင်ဘယ်လိုလုပ်ကြမလဲဆိုသည်ကို ဝိုင်းဝန်းအဖြေရှာကြဖို့အရေးကြီးပါသည်။ ဝန်ကြီးဌာနနှင့်ဘောလုံးအဖွဲ့ချုပ်၊ ဘော လုံးအသင်းပိုင်ရှင်များ မပြတ်တိုင်ပင်ဆွေး နွေး၍အဖြေရှာနေကြဖို့ဖြစ်ပါသည်။
ဒုတိယအရေးကြီးအချက်မှာ ထူးချွန် ဘောလုံးသမားများ စဉ်ဆက်မပြတ်ရှာဖွေ စုဆောင်းလေ့ကျင့်ပေးရေးပင်ဖြစ်ပါသည်။ ထူးချွန်ကစားသမား ရှာဖွေစုဆောင်းရေး (Talented Scouting)ပင်ဖြစ်ပါသည်။ ယခုဖွင့်လှစ်ပြီးဖြစ်သည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းလေးကျောင်း၊ ဖွင့်လှစ်ရန်ဆောင်ရွက်ဆဲ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း နှစ်ကျောင်း စုစုပေါင်းကျောင်း ခြောက်ကျောင်း၊ ဘော လုံးအကယ်ဒမီကျောင်းများနှင့် မကြာမီ ဖွင့်လှစ်နိုင်မည်ဟု ယူဆရသော အား ကစားတက္ကသိုလ်တို့သည် အကောင်းဆုံး ထူးချွန်အားကစားသမား ရှာဖွေရေးဌာန များဟုဆိုချင်ပါသည်။ မြန်မာနိုင်ငံ အရပ် ရပ်မှ ထူးချွန်အားကစားသမားများကို ရှာဖွေ၊ စုဆောင်း၊ လေ့ကျင့်ပေးရင်း သုံးနှစ်မှ ငါးနှစ်အတွင်း ပြည်နယ်/တိုင်း
လက်ရွေးစင်များနှင့် မြန်မာ့လက်ရွေးစင် များဖြစ်အောင် ဆောင်ရွက်နိုင်ပါသည်။ ဤနေရာတွင်အရေးကြီးသော အချက်တစ် ချက် တင်ပြလိုသည်မှာ အား/ကာသိပ္ပံ များ၌ ပညာရေးသာရှိပြီး လေ့ကျင့်ရေးကို ဖြုတ်ခဲ့ခြင်းအား အမြန်ဆုံးပြုပြင်ဖို့ပင် ဖြစ်ပါသည်။ ပညာရေးဆိုသည်မှာ အနယ်နယ်အရပ်ရပ်မှ ခုနစ်တန်းအောင် ကျောင်းသားကျောင်းသူများကို အားကစား စွမ်းရည်စစ်ဆေးပြီး တက္ကသိုလ်ဝင်တန်း အထိ အား/ကာသိပ္ပံတွင်ထားကာ ပညာ ရေးနှင့်အားကစား ပူးတွဲသင်ကြားလေ့ကျင့် ပေးခြင်းဖြစ်ပါသည်။ ၁၃ နှစ်မှ ၁၆ နှစ် အတွင်း နုနယ်သည့်လူငယ်ကလေးများ ဖြစ်ခြင်း၊ ကျောင်းစာပါသင်ကြားနေရ သဖြင့် အားကစားလေ့ကျင့်ချိန်နည်းပါး ခြင်း၊ ပြည်နယ်/တိုင်း လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်အသင်းအတွက် အရည် အချင်းမမီနိုင်သေးခြင်း စသည်တို့ကြောင့် သိပ်အားမကိုးရသေးသည့်အရွယ်များဖြစ် ပါသည်။ သို့ဖြစ်၍ အသက် ၁၆ နှစ်မှ ၂ဝ နှစ်အတွင်း လူငယ်များကိုစုစည်း၍ ပညာသင်ကြားရေးမပါဘဲ အားကစား လေ့ကျင့်ရေးသက်သက် လေ့ကျင့်ပေးခြင်း က များစွာအကျိုးသက်ရောက်မှုရှိခဲ့ဖူးပါ သည်။ အား/ကာသိပ္ပံမှယင်းလေ့ကျင့်ရေး သင်တန်းသားအတော်များများသည် မြန်မာ့ လက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြ သည်ကိုတွေ့ရှိရပါသည်။ ဥပမာအနေဖြင့် ယနေ့ခေတ်ဘောလုံး အအောင်မြင်ဆုံးဟု ဆိုနိုင်သည့် ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ဖလား အသက် ၂ဝ အောက်ပြိုင်ပွဲ (2015 FIFA World Cup U-20)တွင် ဒေသတွင်းအခြား မည်သည့်နိုင်ငံကမှ ခြေစစ်ပွဲမအောင်ခဲ့ဘဲ မြန်မာ U-20 အသင်းက ထူးခြားစွာ ခြေစစ်ပွဲအောင်ပြီး ပြိုင်ပွဲဝင်နိုင်ခဲ့သည်ကို ပြန်ကြည့်လျှင် ယင်းမြန်မာU-20 အသင်း မှာ ရန်ကုန်အား/ကာသိပ္ပံမှ အားကစား ရှစ်ဦးနှင့်မန္တလေးအား/ကာသိပ္ပံမှခြောက်ဦး ပေါင်း ၁၄ ဦး ပါဝင်ခဲ့ခြင်းက သက်သေ ပြနေပါသည်။ အလားတူ ကျော်ကိုကိုတို့၊ ကြည်လင်းတို့၊ နည်းပြလုပ်နေတဲ့ မျိုးမင်း ထွန်းတို့ဟာလည်း အား/ကာသိပ္ပံထွက် တွေပါပဲ။ ပညာရေးမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းဖြေပြီး အောင်မြင်သူက အားကစားတက္ကသိုလ်သွား၊ မအောင်သူက လေ့ကျင့်ရေးတွင် ဆက်လက်လေ့ကျင့်နိုင် ပါသည်။ ယခုအခါ လေ့ကျင့်ရေးကိုဖြုတ် လိုက်သဖြင့် အား/ကာသိပ္ပံတွင် ခါးဆက် ပြတ်ပြီး လက်ရွေးစင်အဆင့် အားကစား သမားလူငယ်များမွေးထုတ်နိုင်မှု အားနည်း ခဲ့ရသည်ဟုဆိုချင်ပါသည်။ သို့ဖြစ်၍ အား/ကာသိပ္ပံများတွင် လေ့ကျင့်ရေးဌာန ပြန်လည်ထားရှိသင့်ပါကြောင်း အလေး အနက်အကြံပြုလိုက်ရပါသည်။
တတိယအချက်မှာ အားကစားနှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်မှုကိုအလေး ထားဆောင်ရွက်စေလိုသည့် အချက်ပင်ဖြစ် ပါသည်။ အကြောင်းမှာ လူငယ်လူရွယ် အများအပြားသည် အခြေခံပညာကျောင်း များနှင့် တက္ကသိုလ်အသီးသီးတွင်ရှိနေကြ ပါသည်။ အားကစားတိုးတက်လိုလျှင် ဤ လူငယ်များကို အခြေခံရမည်ဖြစ်သဖြင့် ကျောင်းများ၊ တက္ကသိုလ်များကို အားပြုရ ပါမည်။ ပညာရေးဘက်ကလည်း ဤ သဘောတရားကို သဘောပေါက်ပြီး လေး စားလိုက်နာဖို့လိုပါသည်။ လူငယ်ဆိုသည် မှာ အားစမ်းလိုသည့်၊ ယှဉ်ပြိုင်လိုသည့်ဗီဇ အားလုံးလိုလိုတွင် ပါရှိပြီးဖြစ်ပါသည်။ ယင်းဗီဇကို အားကစားသို့အကျိုးရှိအောင် လမ်းကြောင်းပေးခြင်းဖြင့် ကျန်းမာသန်စွမ်း သည့်လူမျိုးများ ဖြစ်လာနိုင်သလို ထူးချွန် သည့် အားကစားသမားများလည်း ပေါ် ထွက်လာနိုင်ပါသည်။ ထို့ကြောင့် ကျောင်း များ၊ တက္ကသိုလ်များတွင် အားကစားကို အလေးထားအားပေးရန်နှင့် လူငယ်များ ကစားနိုင်အောင် အားကစားကွင်း၊ အား ကစားရုံ၊ အားကစားပစ္စည်းများ အပြည့် အစုံထားပေးသင့်ပါသည်။ ထိုမှတစ်ဆင့် ကျောင်းပေါင်းစုံသက်တမ်းလိုက် ပြိုင်ပွဲ များနှင့်တက္ကသိုလ်အဆင့်ပြိုင်ပွဲများမှသည် ကျောင်းသားအားကစားပွဲများအထိ သင့် တော်သည့်ကာလအလိုက် မပြတ်ကျင်းပ သွားသင့်ကြောင်း အကြံပြုလိုပါသည်။
စတုတ္ထအချက်မှာ ဘောလုံးသမား လူငယ်များရွေးချယ်ရာတွင် အရပ်အမောင်း နှင့် ကိုယ်ကာယကြံ့ခိုင်မှုကို ဦးစားပေး ရွေးချယ်စေလိုခြင်းဖြစ်ပါသည်။ လက်ရှိ မြန်မာဘောလုံးသမားများမှာ အများအား ဖြင့် အာရှမှ တရုတ်၊ ဂျပန်၊ ကိုရီးယား နိုင်ငံဘောလုံးသမားများနှင့်အရပ်အမောင်း နှင့် ကိုယ်လုံးကိုယ်ထည်ချင်း ယှဉ်၍မရ နိုင်တော့ပါ။ အချို့ အာဆီယံဘောလုံး သမားများထက်ပင် ကိုယ်ခန္ဓာသေး၍ အရပ်နိမ့်နေသည်ကို တွေ့နေရပါသည်။ အရပ်အမောင်းမှာ လက်ရွေးစင်ဖြစ်မှ ပြု ပြင်၍မရနိုင်သဖြင့် စတင်ရွေးချယ်စဉ် ကတည်းက အား/ကာသိပ္ပံနှင့် ဘောလုံး အကယ်ဒမီတို့တွင် အသက် ၁၂ နှစ်ကို ၅ပေ ၄လက်မ၊ ၁၃ နှစ်ကို ၅ပေ ၅ လက်မ၊ ၁၄ နှစ်ကို ၅ပေ ၆လက်မ၊ ၁၅ နှစ်ကို ၅ပေ ၇လက်မ၊ ၁၆ နှစ်ကို ၅ပေ ၈လက်မ စသဖြင့် ပေမီဒေါက်မီများကို ရွေးချယ်သင့်ပါသည်။ လက်ရွေးစင်ဖြစ် သည့်အချိန်တွင် အရပ် ၅ပေ ၁ဝ လက်မ အထက် ရှိနေသင့်ပါသည်။ ရှားတော့ ရှားနိုင်ပါသည်။ သို့သော် ရှာလျှင်ရှိ သည်ဟု ဆိုချင်ပါသည်။ ဂိုးသမားက တော့ အရပ် ၆ ပေနှင့်အထက်ရှိလျှင် ကောင်းပါသည်။ ဘောလုံးကျွမ်းကျင်မှုကို လေ့ကျင့်၍ရနိုင်သော်လည်း အရပ် အမောင်းကို သိသာစွာမြင့်လာအောင်လေ့ ကျင့်၍မရနိုင်သဖြင့် မူလအရပ်မြင့်သူများ ကို စိစစ်ရွေးချယ်သင့်ကြောင်း အကြံပြု ရခြင်းဖြစ်ပါသည်။
ပဉ္စမအချက်မှာ ဘောလုံးသမား လူငယ်များကို စတင်ရွေးချယ်လေ့ကျင့်စဉ် ကတည်းက