images
UN
UN
မွန်ပြည်နယ်ရှိ မျက်စိအတွင်းတိမ်ဝေဒနာရှင်၂ဝဝကို ဒီဇင်ဘာတွင် ခွဲစိတ်ကုသမည်
ဝေဝေဖြိုး Friday, 25 November 2016
SCG ၏ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကမ်ပိန်းနှင့် ရွေ့လျား ခွဲစိတ်ကုသမှုအစီအစဉ်အနေဖြင့် မွန် ပြည်နယ်ရှိ မျက်စိအတွင်းတိမ်ဝေဒနာ ရှင် ၂ဝဝကို ဒုတိယအကြိမ် ခွဲစိတ် ကုသမှုပြုလုပ်သွားမည်ဖြစ်ကြောင်းSCG က သတင်းထုတ်ပြန်ထား သည်။
အဆိုပါအစီအစဉ်ကို ၂ဝ၁၅ ခုနှစ် မှစတင်၍ ထိုင်းနိုင်ငံမှ Banphaeo Hospital၊ မွန်ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံသံရုံးနှင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးနှင့် အတူ တွဲဖက်အကောင်အထည်ဖော် ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ် လာရောက်ခွဲစိတ်ကုသမှုပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ထိုင်းနိုင်ငံမှ ဆရာဝန်များနှင့်ဝန်ထမ်းများအဖွဲ့က လူနာ ၂ဝဝကို ခွဲစိတ်ကုသခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ရွေ့လျားခွဲစိတ်ကုသမှု အစီအစဉ်ကို နိုင်ငံတစ်ဝန်းရှိပြည်သူ လူထုထံ ပိုမိုရောက်ရှိနိုင်စေရန် မျက်စိ ကျန်းမာရေးပညာပေး လှုပ်ရှားဆောင် ရွက်မှုများနှင့်အတူ ဆောင်ရွက်သွား မည်ဖြစ်ပြီး မျက်စိကို ဂရုစိုက်နည်း ဆိုင်ရာ အကြံပြုချက်များ၊ အတွင်း တိမ်ရောဂါနှင့်ပတ်သက်သောအချက် အလက်များ ဖြန့်ဝေပေးခြင်းဖြင့် မျက်စိကျန်းမာရေးအတွက် အရေးပါ သောအချက်အလက်များကို မိသားစု နှင့်အပေါင်းအသင်းများထံ မျှဝေပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထုကို အတွင်းတိမ် ရောဂါအကြောင်း ပညာပေးရန်နှင့် မိမိကိုယ်ကိုပိုမိုဂရုစိုက်စောင့်ရှောက် နိုင်ရန်အတွက် ရည်ရွယ်၍ အဆိုပါ အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။