images
UN
UN
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အအုံ ၁ဝဝ ကျော် ဖျက်သိမ်းရန်ကျန်ရှိနေ
စိုးစိုးစံ Friday, 25 November 2016
ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းနေထိုင်ရန်မသင့် သောအန္တရာယ်ရှိ အဆောက်အအုံ ၁ဝဝ ကျော်ဖျက်သိမ်းရန်ကျန်ရှိနေ ပြီး အများဆုံးမှာ ရန်ကုန်မြို့လယ် ပိုင်းတွင်တည်ရှိနေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီအင်ဂျင်နီယာဌာန(အဆောက် အအုံ)မှတာဝန်ရှိသူတစ်ဦးကပြော သည်။
ရန်ကုန်မြို့တော်စည်ပင်သာ ယာနယ်နိမိတ်အတွင်း နေထိုင်ခြင်း မပြုရန်သတိပေးတားမြစ်ခဲ့ရသည့် အဆောက်အအုံပေါင်း ၁၆၇၂ လုံး ရှိသည့်အနက် ၁၅၅၃ လုံးမှာ အသစ်ဆောက်လုပ်ပြီးဖြစ်၍ ၁၁၉ လုံးသာကျန်ရှိနေသေးကြောင်း၊ အဆိုပါအဆောက်အအုံများကို အမြန်ဆုံးဖျက်သိမ်းကာ အသစ်ပြန် လည်တည်ဆောက်ရန်၊ နေထိုင်သူ များရှိပါကလည်း သတိထားနေ ထိုင်သင့်ကြောင်း၎င်းကပြောသည်။
''အရင်က လိုက်လံစစ်ဆေး ပြီး သတိပေးတားမြစ်ထားခဲ့ပါ တယ်။ ဒါတွေကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်ဖို့လိုတာပေါ့။ တချို့နေရာတွေက မြေပိုင်ရှင်၊ တိုက်ခန်းပိုင်ရှင်နဲ့ကန်ထရိုက်တို့ကို ညှိမရလို့ မဆောက်နိုင်တာတွေ လည်းရှိတယ်။ လက်ရှိနေထိုင်သူ တွေက တခြားနေရာမှာပြောင်းရွှေ့ မနေနိုင်သူတွေများပါတယ်။နောက် တစ်ခုကပိုင်ဆိုင်မှု အရှုပ်အရှင်းတွေ ရှိနေလို့ပါ။ ဖျက်ဖို့ကျန်နေတာက ဒီအခြေအနေတွေကြောင့်လို့ ထင် ပါတယ်''ဟု ၄င်းကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ အန္တရာယ်ရှိအဆောက်အအုံကိုဖြို ဖျက်ကာ အသစ်ပြန်လည်တည် ဆောက်ရန် လာရောက်လျှောက် ထားမှုနည်းပါးနေသေးကြောင်း၊ အဓိကအားဖြင့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်သည့်အတွက် အသစ်ပြန်လည်ဆောက်လုပ်ရာ တွင် ငဲ့ညှာသောအားဖြင့် ခြောက် ထပ်ဆောက်လုပ်ခွင့်ပြုရာမှ ရှစ် ထပ်အထိဆောက်လုပ်ခွင့်ပေးထား သည်များလည်းရှိကြောင်း သိရ သည်။