images
UN
UN
ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင် ဒက္ခိဏသီရိမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
အေးဇေယျာ Friday, 25 November 2016
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်သည် ယနေ့ နံနက် ၁ဝနာရီတွင် နေပြည် တော် ဒက္ခိဏသီရိမြို့ ဝေဒလမ်းရှိ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိကာ မြို့နယ်ပါတီကော် မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဝင်များဖြစ်ကြသည့် ဦးကိုကိုလွင် (ဗဟိုကော်မတီဝင်)၊ ဦးမင်းမင်းဇေ ယျာမြင့်(ဗဟိုကော်မတီဝင်)၊ ပြည် ထောင်စုနယ်မြေ ပါတီအတွင်းရေး မှူး ဦးဌေးဝင်း(ဗဟိုကော်မတီ ဝင်)၊ နေပြည်တော်ခရိုင်ပါတီကော် မတီဝင် ဦးခင်မောင်ထွန်း၊ ဒက္ခိဏ သီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မျိုး နိုင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေး မှူးများ တက်ရောက်ကြသည်။
ပါတီလုပ်ငန်းစိစစ်ရေးကော် မတီဥက္ကဋ္ဌက အမှာစကားပြော ကြားရာတွင် ပါတီဝင်အင်အား စိစစ်ရေး၊ ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ အောက်ခြေအဆင့် ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူး များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမှသာ အစစ်အမှန် ပါတီဝင် အင်အားကို ရရှိမည်ဖြစ်ကြောင်း အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။