images
UN
UN
စိုက်ပျိုးပြီးစပါးရိတ်သိမ်းချိန်၌ ရိတ်သိမ်းခွင့်မရှိဘဲ သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ ရွှေကျွန်းသာတောင်သူများနှင့်တွေ့ဆုံခြင်း
သာလှ(ပျဉ်းမနား) Saturday, 26 November 2016
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့နယ် လွှစာရွာကျေးရွာအုပ်စု မြကျွန်းသာကျေးရွာ မြေနုကျွန်းပေါ်၌ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူ ၄ဝဝ တို့၏ စိုက်ပျိုးပြီး စပါးသီးနှံများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရက ရိတ်သိမ်းခွင့်မပြုဘဲ အစိုးရပိုင်အဖြစ် သိမ်းဆည်းခဲ့သည့်အတွက် ဒေသခံ တောင်သူ ၄ဝဝ တို့နှင့် တိုင်းဒေသကြီးအစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စပါးသီးနှံများပြန်လည်ရိတ်သိမ်း ခွင့်ရရှိစေရေးအတွက် တောင်သူ ၄ဝဝ တို့၏ ကိုယ်စားတောင်သူ ၃၉ ဦးတို့က နေပြည်တော်သို့ ယနေ့လာရောက်တောင်းဆိုခဲ့ကြ သော်လည်း ယင်းတို့ တောင်းဆို ချက်များကို တိုင်းဒေသကြီးအစိုးရ ဘက်မှခွင့်ပြုမှုမရှိကြောင်းနှင့် နေပြည်တော်ပြည်ထောင်စုအဆင့် သက်ဆိုင်ရာအစိုးရအဖွဲ့တို့အနေ ဖြင့်လည်း ခွင့်ပြုချက်တစ်စုံတစ်ရာ မပေးနိုင်သေးကြောင်း တောင်သူ များက ပြောသည်။
လက်ရှိတွင် တင်းမာမှုအဖြစ် တည်ရှိနေသော အဆိုပါလယ်ယာ မြေကိစ္စနှင့်ပတ်သက်၍ တောင်သူ များဘက်မှ နိုင်ငံတော်အတိုင်ပင်ခံ နှင့်နိုင်ငံတော်သမ္မတထံသို့ တင်ပြ သွားမည်ဖြစ်ပြီးထိုသို့တင်ပြသော် လည်း ရိတ်သိမ်းခွင့်မရရှိပါက တောင်သူများဘက်မှ ထိုစပါး များကို မိမိတို့သဘောဖြင့် ဝင် ရောက်ရိတ်သိမ်းမည်ဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။
စိုက်ပျိုးထားသော စပါးများ ပြန်လည်ရိတ်သိမ်းခွင့်မရရှိပါက လက်တွေ့တွင် တောင်သူများရင် ဆိုင်ရမည့် အကျဉ်းအကျပ်များနှင့် ပတ်သက်၍ တောင်သူများက ၄င်းတို့၏ ဘဝရပ်တည်မှုအခြေ အနေများကို ပြောကြားခဲ့သည်။
လပွတ္တာခရိုင် ပြင်စလူမြို့နယ် လွှစာကျေးရွာအုပ်စု မြကျွန်းသာ ရွာမှ တောင်သူ ဦးဝင်းခိုင်က ''ကျွန်တော်မှာ စိုက်ပျိုးဧက ၂ဝ ကျော်ရှိပါတယ်။ရင်းနှီးမြှုပ်နှံ ထားတာက ကျပ်သိန်း ၃ဝ ဝန်း ကျင်လောက်ရှိပါတယ်။ ဒီရင်းနှီး လိုက်တဲ့ငွေတွေက ကျွန်တော်တို့ အပြင်ကပဲ အတိုးနဲ့ချေးပြီး ရင်းနှီး ရတာဖြစ်တယ်။ အခုလို စပါးရိတ် သိမ်းခွင့်မရတော့ဘူးဆိုရင်တော့ အြေ<ွကးရှင်တွေနဲ့ ကျွန်တော်တို့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ဒီလမ်းကြောင်းကလွဲရင် ကျွန်တော် တို့မှာ မရှူသာတော့ပါဘူး''ဟု ပြောသည်။
ထို့ပြင် ပြင်စလူမြို့နယ် ပျဉ်း မကုန်းရွာမှ ဦးမောင်သန်းဖေက ''ကျွန်တော့်မှာ စိုက်ဧက ၁ဝ ဧကရှိပါတယ်။ဒီအထဲမှာ စိုက်ပျိုး စရိတ်ကလည်း တစ်ဧကကို သုံး သိန်းလောက် ရင်းနှီးခဲ့ရတာပါ။ ဒါတောင် ကျွဲ၊ နွားနဲ့ အလုပ် သမားစရိတ်တွေ မပါသေးပါ ဘူး။ အခုအတိုးတွေနဲ့ ကျွန်တော် တို့ အြေ<ွကးဆပ်ဖို့ ကိစ္စကတော့ ထင်ပါတယ်။တရားစွဲခံပြီး ထောင် ထဲရောက်တော့မှာ သေချာနေပါ ပြီ။ လက်ရှိ ကျောင်းနေကလေး တွေလည်း အခက်အခဲဖြစ်သွား တော့မှာပါ''ဟု ၄င်းက ပြော သည်။
ပြင်စလူမြို့နယ် ကျောင်းညို အုပ်စုရွှေကျွန်းသာရွာမှ ဦးကျော် စွာဝင်းကလည်း ''ကျွန်တော့်မှာ ဧက ၂ဝ ရှိပါတယ်။ သူများဆီ က အတိုးရှစ်ကျပ်၊ ၁ဝနဲ့ ချေးငှား ပြီးတော့ ဒီစပါးတွေကို စိုက်ခဲ့တာ ပါ။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ငွေ မရှိပါဘူး။ အပြင်ကပဲချေးယူပြီး လုပ်ရတာပါ။ ပြန်ဆပ်ရမယ့်ကိစ္စ ကတော့အြေ<ွကးရှင်က တရားစွဲ ရင် ထောင်ကျရုံကလွဲရင်ဘာရှိ မှာလဲဗျ''ဟု ပြောသည်။
အလားတူ ရွှေကျွန်းသာ ပျဉ်း မကုန်းကျေးရွာမှ ဦးညွန့်ရှိန်က ''ကျွန်တော့်မှာ စိုက်ဧက ၁ဝ ဒသမ ၅ ဧကရှိပါတယ်။ ငွေက သိန်း ၃ဝ လောက်ရင်းနှီးထားရ တာပါ။ ဒီငွေကို အပြင်ကအတိုး ငါးကျပ်နှုန်းနဲ့ချေးငှားပြီး လုပ် ကိုင်ထားတာပါ။ အြေ<ွကးရှင်တွေ ကလာတောင်းရင်တော့ ကျွန်တော် တို့မှာ ဒီစပါးလည်း မရိတ်ရတဲ့ အခါကျတော့ တရားစွဲရင် ထောင် ကျမှာနော်။ကျွန်တော့်မှာ ကျောင်း သားလည်း ရှိပါတယ်။ ကျောင်း စရိတ်ကလည်း တစ်လကို တစ် သိန်းကျော် လောက်ပေးရတယ်။ ဒီလိုရိတ်သိမ်းခွင့်မရရင်တော့ ပေးရမယ့် အြေ<ွကးတွေအပြင် ကျွန်တော့်ရှိတဲ့ သားသမီးတွေ လည်း ဒီလို ကျွန်တော်တို့ဘဝ ထက်နိမ့်ကျသည်ထက်နိမ့်ကျဖို့ ပဲရှိပါတယ်''ဟု ၄င်းက ပြော သည်။
လွှစာရွာမ၌နေထိုင်သူ ဒေါ် မြင့်ကြည်က ''ရွှေကျွန်းသာ မြေ ပေါ်မှာ စိုက်ပျိုးဧက ၁၈ ဧက ရှိပါတယ်။ ရင်းနှီးမြှုပ်နှံတာက တော့ ကျွန်မကိုယ်ပိုင်ပိုက်ဆံ လည်းပါသလို သမဝါယမအသင်း ကအသင်းသားချေးငွေတွေလည်း ပါပါတယ်။ နောက်ပြီး သမက နေပြီး စက်ဝယ်ထားပါတယ်။ ဒီဟာတွေကို ကျွန်မတို့ပြန်ဆပ် ဖို့အတွက် ဒီစပါးမှ ပြန်မရိတ် သိမ်းရဘူးဆိုရင်တော့ သမဝါ ယမအသင်း ငွေလည်းပြန်ဆပ်ဖို့ အဆင်မပြေနိုင်ပါဘူး။ တရား စွဲရင်လည်းခံဖို့အသင့်ပါ။ ဒီလို နည်းကလွဲရင် ကျွန်မတို့မှာ ရွေး စရာမရှိပါဘူး''ဟု ပြောသည်။
ထိုသို့ ပကတိအခြေအနေမှန် များမှာ ယခုမေးမြန်းခံရသော တောင်သူများ သာမကကျန်သော တောင်သူ ၄ဝဝ တို့၏ ပကတိ အခြေအနေများဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ တောင်သူများရှေ့ ဆက် ရှင်သန်နေထိုင်ရေးသည် များစွာ အခက်အခဲဖြစ်လျက်ရှိ သည်။
အဆိုပါ ရွှေကျွန်းသာကွင်း၌ ရှိသော စိုက်ဧကများကို တောင် သူများအနေဖြင့် အစိုးရအဆက် ဆက်လုပ်ကိုင်စားသောက်လာကြ ခြင်းဖြစ်ပြီး ၁၉၈၄ ခုနှစ်က သစ် တောမြေအဖြစ် သိမ်းဆည်းထား ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် လယ် သမားများက ပြန်လည်လုပ်ကိုင်ခဲ့ ကြရာ ၂ဝဝ၈ ခုနှစ်တွင် နာဂစ် မုန်တိုင်း ဖြစ်ပေါ်ပြီးနောက် လက်ရှိ လုပ်ကိုင်စားသောက်လျက်ရှိကြ သော သူများအနေဖြင့် ရပ်ဆိုင်ခဲ့ ကြပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန် လည်လုပ်ကိုင်ခဲ့ကြကာ လက်ရှိ အစိုးရလက်ထက်တွင် ထိုကျွန်း ပေါ်၌ လုပ်ကိုင်စားသောက်သော တောင်သူ ၄ဝဝ တို့၏ စိုက်ပျိုး မြေများ သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ထိုသို့သိမ်းဆည်းလိုက် သော်လည်း တောင်သူများအနေ ဖြင့် မိမိတို့စိုက်ပျိုးထားသော စပါးများမှာ ရင်းနှီးမြှုပ်နှံမှုများ ဖြင့် စိုက်ပျိုးထားရသောကြောင့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန် လည်ပေးဆပ်နိုင်ရန်လည်းကောင်း၊ မိသားစုအတွင်း ကျောင်းသား ကျောင်းသူများနှင့် အရွယ်မမည် ကလေးသူငယ်များ အပါအဝင် မိမိတို့ဘဝပြန်လည် ရပ်တည်နိုင် ရန်အတွက် စပါးရိတ်သိမ်းခွင့် တောင်းခံခဲ့ကြသော်လည်း တိုင်း ဒေသကြီး အစိုးရက ရိတ်သိမ်း ခွင့်မပြုသောကြောင့် ယခုကဲ့သို့ နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြတောင်းခံရန် ရောက်ရှိလာရခြင်းဖြစ်ကြောင်း တောင်သူများက ပြောသည်။
သက်ဆိုင်ရာ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တောင်သူများတွေ့ဆုံကာ ဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း တောင်သူများက ပြောသည်။ ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံတော် အတိုင်ပင်ခံနှင့် နိုင်ငံတော်သမ္မတ ထံသို့ အသနားခံစာထပ်တင်ရန် ညွှန်ကြားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအား တရားစွဲ ရန်အတွက်လည်း တိုက်တွန်းခဲ့ ကြောင်း တောင်သူဦးဝင်းခိုင်က ပြန်လည်ပြောကြားသည်။