images
UN
UN
ကန့်ဘလူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း
အောင်ဝင်းငြိမ်း(ကန့်ဘလူ) Sunday, 27 November 2016
စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်း စိန်၊ အတွင်းရေးမှူးဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခု လ ၂၅ ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံရာတွင်အင်အား ၆ဝ တက် ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရ သည်။
ယင်းတွေ့ဆုံပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးသန်းစိန်က တွေ့ဆုံ ရခြင်းရည်ရွယ်ချက်နှင့် ပါတီဝင် များအနေဖြင့် မိမိတို့ကျေးရွာများ ၌ သာရေးနာရေးလုပ်ငန်းများ၊ ပါတီအကျိုးပြုလုပ်ငန်းများအား ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက် ခြင်း၊ ပါတီဝင်အင်အားစိစစ်ခြင်း၊ ရေးရာအဖွဲ့အစည်းများဖွဲ့စည်းခြင်း ပြုလုပ်ရန်နှင့် ဗဟိုပါတီဥက္ကဋ္ဌ ပြောကြားထားသည့် သဘာဝဘေး ဒဏ်ခံရပါက အထက်အမိန့်စောင့် ဆိုင်းမနေဘဲ မိမိတို့ဒေသမှာရှိတဲ့ ပါတီဝင်များက ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီဝိုင်းဝန်း ဆောင်ရွက်ကြရန်၊ ရေးရာအဖွဲ့ အစည်းများဖွဲ့စည်းရာတွင် လူငယ် ရေးရာအဖွဲ့၊အမျိုးသမီးရေးရာအဖွဲ့၊ တောင်သူလယ်သမားရေးရာအဖွဲ့ များဖွဲ့စည်းပြီး ဒီဇင်ဘာ ၁ဝရက် အရောက်ပေးပို့ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အတွင်းရေးမှူး ဦးမင်းဇော်က ပါတီဝင်များအနေ ဖြင့် မိမိတို့ဒေသ၊ မိမိတို့ရပ်ရွာ လုပ်ငန်းများလုပ်ဆောင်ရာတွင် ရှေ့တန်းမှပါဝင်ရေး၊ လုပ်ငန်းလုပ် သောသူသည် အလိုလိုနေရာရလာ မည်ဖြစ်၍ သူ့အလုပ်ကိုယ့်အလုပ် ခွဲခြားမနေဘဲ လုပ်ဆောင်ကြရန်မှာ ကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိုးအေး၊ အတွင်းရေးမှူး ဦးမြမျိုးညွန့်နှင့် ခရိုင်ကော်မတီဝင် ဦးသက်အောင်ဇော်တို့တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။