images
UN
UN
သဘာဝအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ချောင်းသာကမ်းခြေအနီး၌ ပုဂ္ဂလိကဆင်စခန်းတစ်ခုဖွင့်လှစ်မည်ဟုဆို
စိုးစိုးစံ Sunday, 27 November 2016
သဘာဝအခြေပြု ခရီးသွား လုပ်ငန်းဖော်ဆောင်ရန် ချောင်း သာကမ်းခြေအနီး၌ ပုဂ္ဂလိက ဆင်စခန်းတစ်ခုဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ချောင်းသာဆင်စခန်း (အပန်းဖြေစခန်း)မှ သိရသည်။
အဆိုပါဆင်စခန်းကို ပုသိမ်-ချောင်းသာကားလမ်း ခြောက် ကောင်ရွာနှင့် ဆိပ်ကြီးရွာကြား၌ ဖွင့်လှစ်မည်ဖြစ်ပြီး မြေ ၃၇ ဧက ကျယ်ဝန်းကာ ပြီးခဲ့သည့်အောက် တိုဘာလမှစတင်၍ အပန်းဖြေ ဆင်စီးခြင်းများ ပြုလုပ်နေနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဆင်စခန်းတွင် ဆင်များ၏ သဘာဝအတိုင်း နေထိုင်ကျက်စား မှုကိုတွေ့မြင်ရမည်ဖြစ်ကာ ဆင်စီး ခြင်းနှင့် ဆင်အစာကျွေးခြင်းတို့ကို လည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် သစ်လုပ်ငန်းပိုင် ဆင်ငါး ကောင်၊ ပုဂ္ဂလိကပိုင် ဆင်ငါး ကောင်တို့ဖြင့် သဘာဝ အခြေပြု ခရီးသွားလုပ်ငန်းများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သစ်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်း ကို ပဲခူးရိုးမ၌ ၁ဝ နှစ်နှင့် ကျန် ဒေသများ၌ တစ်နှစ်သတ်မှတ် ထားသည့်အတွက် သစ်လုပ်ငန်း တွင် အသုံးမပြုတော့သည့်ဆင်များ ကို သဘာဝအခြေပြုခရီးသွား လုပ်ငန်းများတွင် ယခုကဲ့သို့ ပြောင်းလဲအသုံးပြုလာကြခြင်းဖြစ် ပြီး နောက်ပိုင်းတွင် ဆင်စခန်းမှ နေ၍ ဆင်ဆေးရုံနှင့် တောဆင်ရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ အထိ တိုးချဲ့နိုင်ရန်ရည်ရွယ်ထား ကြောင်းသိရသည်။