images
UN
UN
မြန်မာနိုင်ငံ၏အရေးပါသောသတင်းအချက်အလက်များ ရရှိနိုင်မည့်အရင်းအမြစ်အသစ်Portal မိတ်ဆက်
ခင်ရူပါမော် Sunday, 27 November 2016
မြန်မာနိုင်ငံအတွက် အရေးပါ သော သတင်းအချက်အလက်များ ရရှိနိုင်မည့် အရင်းအမြစ်အသစ် တစ်ခုဖြစ်သောOpen Data Portal (www.opendevelopment myanmar.net) ကိုဖန်တီးရာ (Ph- an deeyar )ကယခုလ၂၂ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။
အဆိုပါ Open Development Myanmar. net တွင် နိုင်ငံ အဆင့်၊တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်ကိန်းဂဏန်းအချက်အလက် များကို အသုံးပြုသူများနားလည် လွယ်သည့်ပုံများ၊ ဇယားများဖြင့် တင်ဆက်ထားသည့် Dashboard ၊ မြေပုံအလွှာများကို ကြည့်ရှုနိုင် သည့် Map Explorer ၊ အဓိက အကြောင်းအရာများနှင့် ပတ်သက် သည့် နောက်ခံအခြေအနေများ၊ ဥပဒေမှတ်တမ်းများနှင့်ကိန်းဂဏန်း အချက်အလက်များကိုအကျဉ်းချုပ် ရေးသားတင်ဆက်ထားသည့် Data Stories စသည့်အစိတ်အပိုင်း များပါဝင်ပြီး ၄င်းတို့အားလုံးကို ဒေါင်းလုဒ် (Download) လုပ်နိုင် ပြီးDeveloper များအတွက် API များကိုလည်း ရယူနိုင်မည်ဖြစ် ကြောင်း သိရသည်။
''Development Myanmar. net မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့သတင်းအချက်အလက် တွေဖြစ်တဲ့ ကိန်းဂဏန်းတွေ၊ မြေ ပုံတွေ၊ အစီရင်ခံစာတွေ၊ သတင်း တွေနဲ့ဥပဒေတွေကိုစုစည်းထားပါ တယ်။ အသုံးပြုသူတွေအနေနဲ့ ဒီသတင်းအချက်အလက်တွေကို ပုံစံမျိုးစုံနဲ့ကြည့်ရှုနိုင်အောင် ပြု လုပ်ထားပါတယ်။သတင်းအချက် အလက်တွေကို ပိုပြီးလက်လှမ်း မီလာခြင်းအားဖြင့် အသိပညာ အသစ်တွေ ဖန်တီးလာနိုင်မှာဖြစ် သလို အချက်အလက်တွေကိုအခြေ ခံပြီး အကြောင်းအရာတစ်ခုရဲ့ ဦးတည်ရာကို တွက်ချက်လာနိုင် တာတွေ ဖြစ်လာမှာပါ။ ဒါတွေ က ပွင့်လင်းမြင်သာမှု၊ လျင်မြန် ချောမွေ့မှုနဲ့ တီထွင်ဖန်တီးမှုတို့ အတွက် မရှိမဖြစ်ပါ''ဟု ဖန်တီး ရာ (Phandeeyar)Open Data အစီအစဉ်မန်နေဂျာဦးသက်အောင် က ပြောသည်။