images
UN
UN
အွန်လိုင်းမှ အိမ်ခြံမြေငှားရမ်းရန်ရှာဖွေမှုမှာ ၆၁ ရာခိုင်နှုန်းရှိပြီး ဝယ်ယူရန် ရှာဖွေမှုမှာ ၃၉ ရာခိုင်နှုန်းခန့်ရှိ
PTK Sunday, 27 November 2016
အွန်လိုင်းမှတစ်ဆင့် အိမ်ခြံ မြေရောင်းဝယ်ငှားရမ်းရန်အတွက် ရှာဖွေမှုများတွင် အိမ်ခြံမြေငှား ရမ်းရန် ရှာဖွေမှုမှာ ၆၁ ရာခိုင်နှုန်း ရှိပြီး ဝယ်ယူရန်ရှာဖွေမှုမှာ ၃၉ ရာခိုင်နှုန်းခန့်ရှိကြောင်း အင်တာ နက်အိမ်ခြံမြေကွန်ရကdkY House. com.mmမှ Consite Data များ အရ သိရသည်။
အွန်လိုင်းမှ အိမ်ခြံမြေရောင်း ဝယ်ငှားရမ်းရန် ရှာဖွေမှုတွင် အိမ် ခြံမြေငှားရမ်းရန် ရှာဖွေမှုမှာ ၆၁ ရာခိုင်နှုန်းရှိပြီး ဝယ်ယူရန်ရှာဖွေ သူမှာ ၃၉ ရာခိုင်နှုန်းခန့်ရှိရာ ရှာဖွေမှု၏ ၈၉ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်း အိမ်ခြံမြေစာရင်း များအား ရှာဖွေသူများဖြစ်ပြီး မန္တလေးမြို့၏ အိမ်ခြံမြေ၏အိမ်ခြံ မြေစာရင်းရှာဖွေမှုမှာ ၅၉ ရာခိုင် နှုန်းခန့်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ House. com.mm အနေနဲ့ သုံးစွဲသူတွေရဲ့ ရွေးချယ်မှု ကြိုက်နှစ်သက်မှုစသော သတင်းအချက်အလက်တွေကို သိရှိနိုင်ပါတယ်။ လတ်တလော ရှာဖွေမှုရဲ့ သုံးပုံနှစ်ပုံခန့်လောက် က တောင်ဥက္ကလာပ၊ မြောက်ဒဂုံ နှင့် စမ်းချောင်းမြို့နယ်တို့လိုDown Town ဧရိယာအပြင် ဘက်က မြို့နယ်တွေမှာရှိတဲ့ အိမ်ရာတွေကို ပိုရှာဖွေလာတာ ကိုတွေ့ရပါတယ်'' ဟုHouse. com.mm ၏ Cofounder နှင့် Managing Director Mr. Nitcsh Khirwal က ပြောသည်။
လက်ရှိ ရန်ကုန်မြို့၏ အိမ် ခြံမြေဈေးကွက်အခြေအနေမှာ အရောင်းနှင့် အငှားအခြေအနေမှာ ပိုမိုကောင်းမွန်လာပြီး Down Town အပြင်ဘက်မြို့နယ်များ ရှာဖွေမှုမှာ ပိုမိုလာပြီး ရန်ကုန်မြို့ တွင်း တောင်ဥက္ကလာ၊ ဒဂုံမြို့ သစ်မြောက်ပိုင်း၊ စမ်းချောင်း၊ တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းတို့မှာ ထိပ်ဆုံး ၁ဝနေရာ တွင်ရှိကြောင်း၊ဝင်ရောက်ကြည့်ရှု ရှာဖွေသူအများဆုံးသော မြို့နယ် များမှာ တောင်ဥက္ကလာ၊ မြောက် ဒဂုံနှင့်စမ်းချောင်းမြို့နယ်များ ဖြစ် ကြောင်း Down Town ရှိ အိမ်ရာ များမှာ စီးပွားရေးလုပ်ငန်းသုံးများ ဖြစ်သောကြောင့် ဈေးနှုန်းမြင့်မား နေခြင်းနှင့်Trafficများကြောင့် နေထိုင်ရန်သီးသန့်အိမ်ရာရှာဖွေသူ များက Down Town ဧရိယာ ပြင်ပမြို့နယ်များအားပိုမိုရှာဖွေလာ ကြခြင်းဖြစ်ကြောင်း သိရသည်။