images
UN
UN
၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကားမိုဒယ်သတ်မှတ်ချက်ကို ယခုလ ၂၉ ရက်နောက်ဆုံးထားထုတ်ပြန်ပေးမည်
မင်းလွင်သစ် Sunday, 27 November 2016
လာမည့်၂ဝ၁၇ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကားမိုဒယ်သတ်မှတ်ချက်ကို ယခု လ ၂၉ရက် နောက်ဆုံးထားကာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
''လာမည့်နှစ် ကားတင်သွင်း ခွင့်အတွက် မူကြမ်းကို မော်တော် ယာဉ်နှင့်သက်ဆိုင်သော လုပ်ငန်း များဆိုင်ရာ ကြီးကြပ်ရေးကော် မတီကနေ စီးပွားရေးရာကော်မတီ ကို တင်ပြထားပြီး အဆင့်ဆင့် သဘောတူညီမှု ရခဲ့တဲ့အတွက် ဒီလ ၂၉ ရက် နောက်ဆုံးထားပြီး တရားဝင်ထုတ်ပြန်ပေးမှာပါ''ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
လာမည့်နှစ်တွင် ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ကပ်ကားများ အား ၂ဝ၁၁မိုဒယ်မှ ၂ဝ၁၄မိုဒယ် အထိ ဖရီးပါမစ်ကားများကို၂ဝ၁၅ မိုဒယ်မှ ၂ဝ၁၇မိုဒယ်အထိ တင် သွင်းရမည်ဟု သတင်းများထွက် ပေါ်လျက်ရှိနေကြောင်း၊ သို့ရာတွင် စလစ်ကပ်ကားများကို ၂ဝဝ၉ မိုဒယ်မှစ၍ တင်သွင်းခွင့်ပြုရန်MAMDA အသင်းမှတောင်းဆို ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သို့ ကားတင်သွင်းခြင်းနှင့်ပတ် သက်၍လည်း ကားတင်သွင်းခွင့် လက်မှတ် Certificate of Entitlement (COE) စနစ်နှင့် ရန်ကုန် မြို့တွင်း ပြေးဆွဲခွင့်ပေးမည့်ကား အမျိုးအစားနှင့် မိုဒယ်များကို ကန့် သတ်ခြင်းများပါဝင်သည့်အချက် ခုနစ်ချက်ကို သက်ဆိုင်ရာအဖွဲ့ အစည်းများက ဆွေးနွေးလျက်ရှိ ကြောင်း သိရသည်။
လာမည့်နှစ်အတွက် မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် Year သတ်မှတ်ချက်တွင် လုပ်ငန်း သုံးကားများကို ၂ဝဝ၇မိုဒယ်နှင့် အထက် တင်သွင်းခွင့်ပေးရမည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေ သော်လည်း ၂ဝ၁၄မိုဒယ်အထိ စလစ်ကပ်ရန် မထုတ်ပြန်သေး သည့်အတွက် အင်ဂျင်ပါဝါ 660CC Carry Truck ကားများ၏ ဈေး ကွက်သည်လည်း ငြိမ်သက်နေ ကြောင်း သိရသည်။