images
UN
UN
လက်ပံချောင်းတံတား အမြန်ပြုပြင်ဆောက်လုပ်ပေးရန်ပြည်သူများလိုလား
ဇွဲမာန်(ထီးချိုင့်) Sunday, 27 November 2016
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ညောင်ပင်သာ-မယ်ဇလီရွာနှင့် ဒိုးပင်ရွာချင်းဆက် လမ်းပေါ်ရှိ မဲဇာချောင်း၏ချောင်းလက်တက် တစ်ခုဖြစ်သော လက်ပံချောင်းကို ဖြတ်လျက် တည်ဆောက်ထား သောလက်ပံချောင်းတံတားသည် ဇူလိုင် ၂၅ ရက်က ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ပြိုလဲ ပျက်စီးခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ အခင်းက ဒီချောင်းရဲ့တစ်ဖက်ကမ်းမှာရှိပါ တယ်။တံတားရှိတုန်းက(မနှစ်)က တော့ အိမ်ကနေအခင်းကို နေ့ သွားညပြန်အလုပ်သွားလုပ်ရတာ အဆင်ပြေပါတယ်။ အခုတံတား မရှိတော့အခင်းကိုသွားမယ်ဆိုရင် ချောင်းဝထိပတ်ပြီးမှသွားနေရတော့ အခင်းနဲ့အိမ်ကဝေးသွားပါတယ်။ နေ့သွား ညပြန် မလုပ်နိုင်တော့လို့ အခင်းထဲမှာမိသားစုလိုက်ပြောင်း ပြီး အလုပ်လုပ်နေရတာ အဆင် မပြေပါဘူးဗျာ၊သီးနှံရိတ်သိမ်းတဲ့ အချိန်မှာလည်းဒီတံတားရှိတဲ့အချိန် တုန်းကတော့ အခင်းကထွက်တဲ့ သီးနှံများအိမ်ကိုသယ်ရတာလွယ် ကူပေမဲ့ ဒီနှစ်တံတားမရှိတော့ ချောင်းကလည်း လှည်းမပေါက် လှေမပေါက်နဲ့ အခက်အခဲရှိနိုင်ပါ တယ်''ဟု ဒေသခံတောင်သူ တစ်ဦးကပြောသည်။
အဆိုပါလက်ပံချောင်းတံတား သည် ညောင်ပင်သာရွာ-မယ် ဇလီရွာ-ဒိုးပင်ရွာချင်းဆက်လမ်း မှ အမှတ်(၃)ခရိုင်ချင်းဆက်လမ်း မကြီးနှင့် ဆက်သွယ်ထားသော လမ်းပေါ်တွင် အဓိကတံတား တစ်စင်းဖြစ်ပြီး အလျားပေ ၁၂ဝ၊ အနံ ၁၄ပေ၊ အမြင့်၁၅ပေရှိသော သစ်သားတံတားဖြစ်သည်။ ဇူ လိုင်လအတွင်းက ပျက်စီးသွား သော်လည်း လက်ရှိအခြေအနေ အတိုင်းသာရှိနေပြီးပြုပြင်ဆောက် လုပ်ခြင်းမရှိသေးသည့်အတွက် ပြည်သူများက အမြန်ဆုံးပြုပြင် ပေးရန် လိုလားလျက်ရှိကြောင်း သိရသည်။