images
UN
UN
ပါတီလုပ်ငန်းနှင့်စည်းရုံးရေးလုပ်ငန်းများ စွမ်းရည်မြှင့်တင်ရေးတွေ့ဆုံဆွေးနွေး
ဝင်းမြင့်(နတ်တလင်း) Sunday, 27 November 2016
ပဲခူးတိုင်းဒေသကြီး နတ်တ လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီ လုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဝင်များ တွေ့ ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော် ထွန်းကအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များက မြို့နယ်ပါတီ ၏ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြကြသည်။ မြို့နယ်ပါတီဝင် များ၏ တင်ပြဆောင်ရွက်မှုများကို တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် ခရိုင်ပါတီဥက္ကဋ္ဌတို့ကဆောင်ရွက် ရန် အားနည်းချက်ဆောင်ရွက်ပြီး အားသာချက်တို့ကို ထောက်ပြဆွေး နွေး၍ တိုင်းပြည်အကျိုးအတွက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရန် မှာကြားကြောင်း သိရသည်။