images
UN
UN
မင်လပ် (Mangluck Power Slim) ပိန်ဆေးအသက်အန္တရာယ်ပေးနိုင်ဟုFDA မှထုတ်ပြန်
ကျော်စိုး(ကော့သောင်း) Sunday, 27 November 2016
မင်လပ် Mangluck Power Slim ခေါ် အမြန်ပိန်ဆေးတစ်မျိုး တိုင်းရင်းဆေးအသွင်ဖြင့် အွန်လိုင်း တွင်ကြော်ငြာရောင်းချလျက်ရှိသည့် မင်လပ် Mangluck Power Slim ခေါ် အမြန်ပိန်ဆေးတစ်မျိုးအား သုံးစွဲသူများ အသက်အန္တရာယ်ရှိ ကြောင်း အစားအသောက်နှင့် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့The Food and Drug Administration (FDA) မှ သုတေသနပြုထုတ်ပြန် ထားကြောင်း သိရသည်။
အသက်၂ဝအရွယ် ထိုင်းနိုင်ငံ ခွန်ကင်ပြည်နယ်မှ အမျိုးသမီးတစ် ဦးသည် အဆိုပါဆေးအား သုံးစွဲမိ သဖြင့်နှလုံးခုန်မြန်ပြီး ရုတ်တရက် သေဆုံးခဲ့မှုကြောင့် ထိုင်းကျန်းမာ ရေးဌာနမှ အသက်အန္တရာယ်ပေး နိုင်သည့် တားမြစ်ဆေးအဖြစ် ထုတ်ပြန်ထားကြောင်းသတင်းများ အရ သိရသည်။
အဆိုပါဆေးအားသုံးစွဲသူသည် အစာစားသောက်ချင်စိတ်ကုန်ခန်း ခြင်း၊နှုတ်ခမ်းနှင့်လည်ချောင်းခန်း ခြောက်ပြီး ရင်တုန်ခြင်းများဖြစ် ပေါ်လေ့ရှိကြောင်း၊သွေးတိုးရောဂါ ရှိသူများအတွက်မသင့်လျော်သဖြင့် ထိုင်းနိုင်ငံအတွင်း တိုင်းရင်းဆေး ဆိုင်များတွင် ရောင်းချခြင်းမပြုရန် တားမြစ်ထားကြောင်း၊ဆေးတောင့် ထဲတွင်ဖော်စပ်ထားသည့် drug sib-utramineအက်စစ်ဆားဓာတ်ပေါင်း ရာခိုင်နှုန်းများသဖြင့် သုံးစွဲမိသူများ တွင်မည်သည့်ရောဂါမှမရှိဘဲသွေး ပေါင်ချိန်တက်လာကာနှလုံးခုန်မြန် လာပြီး သေဆုံးသည်အထိ ဖြစ်ပွား သည့် ဖြစ်စဉ်များကြောင့်FDA အဖွဲ့ကတားမြစ်ထုတ်ပြန်ကာ ဈေး ကွက်မှပြန်လည်ရုပ်သိမ်းထားသည့် ဆေးဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးအား ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံဆေးဝါးဈေး ကွက်အတွင်း ရောင်းချမှုတချို့ရှိ သဖြင့် သတိပြုရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံမှလာသည့် သတင်းများ အရ သိရသည်။