images
UN
UN
မြင်စိုင်းမြို့ဟောင်းအနီးတွင် နံရံဆေးရေးပန်းချီများရှိသော ကျောက်သားဥမင်များတည်ရှိ
တိမ်တမန် Sunday, 27 November 2016
မြင်စိုင်းမြို့ဟောင်းမှာ ရှေးယခင် က မြင်စိုင်းရွှေပြည်အဖြစ် ထင်ရှားခဲ့ သောမြို့ဖြစ်သည်။ကျောက်ဆည်မြို့ ၏ အရှေ့တောင်ဘက်တွင်တည်ရှိပြီး ပတ်ဝန်းကျင်တောင်ကုန်းတိုင်းတွင် စေတီများ တည်ထားသည့်နေရာပင် ဖြစ်သည်။ မြင်စိုင်းရွှေပြည်မှာ ဘုရင် ထီးနန်းစိုက်ရာ သမိုင်းဝမြို့ပင်ဖြစ် သည်။ နရသီဟပတေ့(ခေါ်)တရုတ် ပြေးမင်းလက်ထက် တာတာတို့ဝင် ရောက်ကျူးကျော်သည့်အခါ ပုဂံ အင်ပါယာကြီး ဝါးအစည်းပြေသကဲ့သို့ ဖရိုဖရဲ ပြိုကွဲသွားခဲ့ရသည်။ ပုဂံ နိုင်ငံတော်မှာ သူတစ်လူငါတစ်မင်း အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့သည်။
ပုဂံအင်ပါယာပြိုကွဲချိန်တွင် လယ်တွင်းနယ်ရှိ မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်မြို့တို့တွင် ရှမ်းညီနောင် သုံးဦးတို့ကစည်းရုံးကာ ဗဟိုအာဏာ ကို မြင်စိုင်းတွင် စုစည်းခဲ့ကြသည်။ မြင်စိုင်းဗဟိုအာဏာတည်တံ့ရေး အတွက် မက္ခရာနှင့် ပင်လယ်တို့မှ အထောက်အကူပြုပေးခဲ့ကြသည်။ တာတာတို့ကို ရှမ်းညီနောင်သုံးဦးတို့ က ဦးဆောင်တိုက်ထုတ်ပြီးနောက် သက္ကရာဇ် ၆၆၆ခုနှစ်တွင် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့တွင် အသင်္ခယာ၊ ရာဇသင်္ကြန်၊သီဟသူညီနောင်သုံးဦး တို့က ထီးပြိုင်နန်းပြိုင်စိုးစံခဲ့သည်။မြို့များ ပတ်ဝန်းကျင်တွင် စေတီ ပုထိုးများစွာကို ယနေ့တိုင်ဖူးမြော် နိုင်သည်။
မြင်စိုင်းမြို့ဟောင်းအနီးရှိ တောင် များတွင် သဘာဝကျောက်လိုဏ်ဂူ များရှိပြီး ထိုလိုဏ်ဂူနံရံများတွင် နံရံ ဆေးရေးပန်းချီများကို ယနေ့တိုင် လေ့လာနိုင်သည်။ ကျောက်လိုဏ်ဂူ အတွင်းရှိ ရုပ်ပွားတော်များမှာ ကျောက်နံရံရှိ ကျောက်သားကို နေရာ တွင်ပင် ထွင်းထုထားသည့်လက်ရာ များပင်ဖြစ်သည်။ အထူးသဖြင့် ကျောက်ဥမင်လိုဏ်ခေါင်း ကိုးခုရှိ သည့် ရွှေဥမင်တောင်ရှိ အလယ်ဂူမ ကြီးတွင် နံရံဆေးရေးပန်းချီများကို တွေ့မြင်နိုင်သည်။ အချို့သော နံရံ ဆေးရေးပန်းချီများနေရာတွင် သမိုင်း တန်ဖိုးမသိသူများက ရေးခြစ်မှုများ ပြုလုပ်ထားသည်လည်း ရှိသည်။ ရေးခြစ်မှုမပြုရသေးသည့် နံရံဆေး ရေးပန်းချီများကို ဆရာတော်များက ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိ သည်။ ယခုအခါတွင် မြင်စိုင်းရွှေပြည် အနီးရှိ ရွှေဥမင်လိုဏ်ခေါင်းကိုးခု အတွင်း အလယ်ဂူမကြီးကျောက်နံရံ တွင် ပုဂံခေတ်နှောင်း နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။