images
UN
UN
တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့မှတောင်းဆိုလာပါက စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိအား ခန့်ထားပေးနိုင်ဟုဆို
ကိုကိုလွင် Tuesday, 29 November 2016
မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာ များမြေတိုင်းတာရေးလုပ်ငန်းတို့၌ ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် နယ်နိ မိတ်ပြဿနာများ ဖြေရှင်းဆောင် ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့၏လိုအပ် ချက်အရ တောင်းဆိုလျှောက်ထား လာခြင်းရှိပါက စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိအား ခန့်ထားပေးနိုင်ကြောင်းသိရသည်။
ယမန်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမ နေ့တွင် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဖေသန်းမေးမြန်းသည့် ၁၆ လက်မတစ်မိုင်စကေးဖြင့်သာ မြေ ပုံရေးဆွဲခွင့်ရှိသည့် မြေပုံမြို့နယ် အပါအဝင်အခြားမြို့များအား ၆၄ လက်မလျှင် တစ်မိုင်စကေး မြို့ မြေကွက်များအဖြစ် နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိ လိုခြင်းမေးမြန်းမှုအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြန် လည်ရှင်းလင်းရာတွင်ပါရှိခဲ့သည်။
''နယ်နိမိတ်သတ်မှတ်ရေး နယ် သတ်ဝန်အဖြစ် သက်ဆိုင်ရာမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မြို့နယ်အုပ်ချုပ်ရေးမှူးကို လည်းကောင်း၊နယ်နိမိတ်ကြပ်မတ် ရေးအရာရှိ နယ်ခြားဝန်အဖြစ် မြို့ နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ် ဦးစီးမှူးကိုလည်းကောင်း ခန့်ထား ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ တင်ပြလာခဲ့ပါက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ညှိနှိုင်း၍ နိုင်ငံတော် အစိုးရကိုယ်စားခန့်ထားပေးလျက် ရှိပါတယ်'' ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက မေး ခွန်းနှင့် ပတ်သက်၍ ဖြေကြားရာ၌ ထည့်သွင်းဖြေကြားသည်။
အဆိုပါကဲ့သို့ ဆောင်ရွက်ရာ၌ ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေး မြို့များပါရှိရန်မလိုအပ်ဘဲ ယင်းမြို့ များအနေဖြင့် သက်ဆိုင်ရာစည်ပင် သာယာရေးကော်မတီတို့မှ ဆောင် ရွက်လျက်ရှိကြောင်းသိရပြီး အဆိုပါ နယ်နိမိတ်သတ်မှတ်ရေးအတွက် ခန့်အပ်ခံရသူတို့မှ မြန်မာနိုင်ငံ အောက်ပိုင်းမြို့နှင့် ကျေးရွာလက်စွဲ ဥပဒေပါနောက်ဆက်တွဲ ၂-အရ နယ်နိမိတ်သတ်မှတ်ခြင်းနှင့် မြေ တိုင်းတာခြင်း၊ ပိုင်ဆိုင်ခွင့်သတ် မှတ်ခြင်းနှင့် နောက်ဆုံးနယ်နိမိတ် သတ်မှတ်ခြင်း၊ မြေပြင်တိုင်းတာ ခြင်း၊ မြေပိုင်ဆိုင်မှုစာရင်းများ ပြုစု ခြင်း၊ မြေတိုင်းကွက်အလိုက် မြေ တစ်ကွက်ချင်း၊ မြေကွက်အလိုက် သတ်မှတ်ပုံစံများဖြင့် ပိုင်ဆိုင် ခွင့်စုံစမ်းမှုပြုလုပ်၍ ဦးပိုင်ခွဲခြင်း၊ မြို့မြေယာစာရင်းရေးဆွဲခြင်းများ အပြင် အစိုးရမြေအား ကျူးလွန် ခြင်း၊ အစိုးရမြေလက်ရှိ ဖြစ်သူ များနှင့် အငြင်းပွားမှုများအား တိကျစွာဆုံးဖြတ်နိုင်ရန်နှင့် ဦး ပိုင်နယ်နိမိတ်များသေချာစွာမှတ် သားထားခြင်းမရှိသည့်မြေများ အား အမှတ်အသားများစိုက်ထူ၍ ဦးပိုင်သတ်မှတ်ခြင်းများ ဆောင် ရွက်ရာ၌ သက်ဆိုင်ရာဒေသအုပ် ချုပ်ရေးအဖွဲ့များ၏ စီမံမှုဖြင့် လုပ် ဆောင်ရသည့်အတွက် ခန့်အပ် ထားသူတို့မှသက်ဆိုင်ရာ ခွင့်ပြု ချက်ရရှိပြီး မြေတိုင်းလုပ်ငန်း ဆောင်ရွက်ရာ၌ သက်ဆိုင်ရာသို့ ရန်ပုံငွေတင်ပြတောင်းခံရမည်ဖြစ် ပြီး ရရှိမှုအပေါ်မူတည်၍ လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၁၈၈ဝ ပြည့်နှစ် မြန်မာနိုင်ငံတော် နယ်သတ်လက်စွဲဥပဒေ ပုဒ်မ-၂ အရ နိုင်ငံအစိုးရမင်းတို့က မည်သူ့ ကိုမဆို အမည်သညာဖြင့်ဖြစ်စေ၊ ရာထူးဌာနန္တရ အလျောက်ဖြစ်စေ နယ်ခြားဝန်နှင့် နယ်သတ်ဝန်များ ဖြစ်စေရန် အခါကာလအားလျော်စွာ ခန့်ထားခွင့်ရသည်ဟု ပြဋ္ဌာန်းခဲ့ သည့်အတွက် စိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ကိုယ်စား ခန့် ထားနိုင်ခြင်းဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီး၏ ရှင်းလင်းချက် အရ သိရသည်။