images
UN
UN
ကားသစ်များတင်သွင်းနိုင်ရေးနှင့် ကားထုတ်လုပ်ရေးစက်ရုံများ ထွက်ပေါ်လာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန်ရှိ
မင်းလွင်သစ် Tuesday, 29 November 2016
ရန်ကုန်မြို့တွင်းသို့ ကားအသစ်များတင်သွင်းနိုင်ရေးနှင့် ကား ထုတ်လုပ်ရေးစက်ရုံများ ပေါ်ပေါက်လာရေးတို့ကို အဓိကထား ဆောင်ရွက်သွားရန်ရှိကြောင်း ကားရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။
အနာဂတ်ကာလတွင် ရန်ကုန်မြို့တွင်းသို့ ကားသစ်များသာတင် သွင်းခွင့်ရရှိရေးနှင့် ကားထုတ်လုပ်ရေးစက်ရုံများမှ ကားများကိုသာ ဝယ်ယူစီးနင်းနိုင်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ပုဂ္ဂလိက ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်၍လည်း သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကား ရောင်းဝယ်ရေးအသင်း(ရန်ကုန်)မှ သိရသည်။
''ကားအသစ်တွေတင်သွင်းခွင့်ပေးမယ်ဆိုရင်တော့ ကောင်းပါ တယ်။ဒါပေမဲ့ တချို့ကားတင်သွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပိတ်ထား တာတွေကိုလည်း အမြန်ဆုံးပြန်လည်ထုတ်ပြန်သင့်ပါတယ်'' ဟု ကားရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအာကာစံက ပြောသည်။
လာမည့် ၂ဝ၁၇ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒ ကို ဒီဇင်ဘာလမတိုင်မီထုတ်ပြန်ကြေညာမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း လုံး ကားအသစ်များ ဝယ်ယူစီးနင်းခွင့်ရရန်မျှော်လင့်နေကြောင်း ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ကို လာမည့်နှစ်တွင် ပြန် လည်ခွင့်ပြုပေးရန် မျှော်လင့်နေကြသည့်အတွက် ကားဈေးကွက် အတွင်း၌ အရောင်းအဝယ်တည်ငြိမ်နေကြောင်း သိရသည်။
လာမည့်နှစ်အတွက် တင်သွင်းရမည့်ကားမိုဒယ်သတ်မှတ်ချက် ထုတ်ပြန်မည့်အပေါ်တွင်မူတည်၍ ကားအရောင်းအဝယ်ဈေးနှုန်းများ အပြောင်းအလဲရှိလာနိုင်ကြောင်း သိရသည်။