images
UN
UN
မြောက်ဥက္ကလာပမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး(၁)နှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့အား တစ်ကိုယ်တော်ဆန္ဒပြ
မင်းဟိန်း Tuesday, 29 November 2016
နေအိမ်ပိုင်ဆိုင်မှုအငြင်းပွားရာ တွင် မိမိပိုင်နေအိမ်အား ဖျက်မိန့် ပေးခဲ့သော မြောက်ဥက္ကလာပမြို့ နယ်တရားရုံး၏ ဆုံးဖြတ်ချက် အပေါ် ကန့်ကွက်ကြောင်း မြောက် ဥက္ကလာပမြို့နယ်နေဒေါ်ဝင်းသီတာ အေးဆိုသူအမျိုးသမီးက ယမန် နေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ တစ်ကိုယ် တော်ဆန္ဒထုတ်ဖော်ခဲ့သည်။
၎င်းအမျိုးသမီးသည် 'မြောက် ဥက္ကလာပမြို့နယ် ဒုတိယမြို့နယ် တရားသူကြီး(၁)နှင့် တွဲဖက်မြို့ နယ်တရားသူကြီးတို့အား အလို မရှိ'စသည့်စာသားပါဗီနိုင်းပိုစတာ ကို ကိုင်ဆောင်၍ မြို့တော်ခန်းမ ကို တစ်ပတ်လှည့်ပတ်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဒေါ်ဝင်းသီတာအေးက လက် ရှိနေထိုင်နေသည့်မြောက်ဥက္ကလာပ မြို့နယ်ရွှေပေါက္ကံ (၁၁) ရပ်ကွက် ရှိနေအိမ်ကို အခြားသူထံ ပေါင်နှံ ရာမှ ဖြစ်ပေါ်လာသည့် အိမ်မြေ အငြင်းပွားမှုအား တရားရင်ဆိုင် သည်မှာ ခြောက်နှစ်ကြာမြင့်ခဲ့ ကြောင်း၊ တရားရုံး၏ဆုံးဖြတ် ချက်အပေါ် မကျေနပ်ကြောင်းနှင့် နေအိမ်ပြန်လည်ရရှိသည်အထိ ဆက်လက်တောင်းဆိုသွားမည်ဟု ဆန္ဒပြရာတွင် ပြောကြားသည်။
အဆိုပါ တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်မှုအား သက်ဆိုင်ရာရဲ တပ်ဖွဲ့သို့အကြောင်းကြား၍ ခွင့် ပြုချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။