images
UN
UN
မိုးညှင်းမြို့နယ် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်မည်
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 29 November 2016
ကချင်ပြည်နယ်မိုးညှင်းမြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်း ညွှန်မှုဖြင့် အဝေးပြေးယာဉ်ရပ်နား စခန်းအား ရှမ်းနီဖွံ့ဖြိုးတိုးတက်ရေး ဆောက်လုပ်ရေးကုမ္ပဏီမှ တည် ဆောက်ပေးသွားမည်ဖြစ်သည်။
အဆိုပါအဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်နိုင်ရန် မိုးညှင်း မြို့ ဒီဂရီကောလိပ်အနီး မြို့ရှောင် လမ်းဘေးတွင်မြေဧရိယာအကျယ် ၁ဝ ဒသမ ၅ဝ ဧကအား မြေနေရာ ရှင်းလင်းခြင်းလုပ်ငန်းများကို အဆို ပါကုမ္ပဏီမှ ယခုလ ၁၆ ရက်မှ စတင်ကာ စက်ယန္တရားများဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ယာဉ်ရပ်နားစခန်းတွင် သုံးထပ်ဆောင်အဆင့်မြင့်တည်းခို ခန်းတစ်လုံး၊ စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်၊ ပုဂ္ဂလိကမော်တော် ယာဉ်များ ကြီးကြပ်ကွပ်ကဲမှုရုံး၊ မော်တော်ယာဉ်ပြုပြင်ရေးအလုပ်ရုံ တစ်ရုံ၊ ၁၂ခန်းတွဲတစ်ထပ်ဂိုဒေါင် နှင့် နှစ်ထပ်ဈေးဆိုင်ခန်းအဆောက် အအုံနှစ်လုံး၊ ရှစ်ခန်းတွဲနှစ်ထပ် ဈေးဆိုင်ခန်းနှင့်လေးခန်းတွဲနှစ်ထပ် ဈေးဆိုင်ခန်းအဆောက်အအုံနှစ်လုံး နှင့် အဝေးပြေးယာဉ်များရပ်နားရန် ကွင်းများဖောက်လုပ်တည်ဆောက် သွားမည်ဖြစ်သည်။
ထိုသို့ အဝေးပြေးယာဉ်ရပ်နား စခန်းတည်ဆောက်ပြီးစီးသွားပါက မိုးညှင်းမြို့ကို ဗဟိုပြု၍ ကသာ-အင်းတော်-ဖားကန့်-တနိုင်း-မြစ်ကြီးနားနှင့် မိုးညှင်းမြို့အား ဖြတ်သန်းသွားလာမည့်ခရီးသည် တင်ယာဉ်များနှင့်ကုန်တင်ယာဉ်များ ရပ်နားနိုင်မည်ဖြစ်ပြီးတည်ဆောက် ရေးလုပ်ငန်းမှာသုံးနှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။