images
UN
UN
မကွေးတွင် ပါတီလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေး
ဇော်မြင့်(မကွေး) Tuesday, 29 November 2016
မကွေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီကော်မတီဝင်များ၏ အပတ်စဉ် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အစည်းအဝေးသို့ တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့် ကော်မတီဝင် များ၊ အရန်ကော်မတီဝင်များ၊ ဖိတ်ကြားထားသော မြို့နယ်ပါတီ ဥက္ကဋ္ဌများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်ဌေးက ပါတီဌာနချုပ်တွင် ကျင်းပသော အလုပ်အမှုဆောင် အစည်းအဝေးမှ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပရာတွင် ပါတီ အောင်နိုင်ရေးကိစ္စရပ်များ၊ အစည်း အဝေးအတွေ့အကြုံများကို ပဏာမ ရှင်းလင်းဆွေးနွေးပြီး လူမှန်နေရာ မှန် တာဝန်ပေးအပ်ရေး၊ မျိုးဆက် သစ်များ လက်ဆင့်ကမ်းဆောင် ရွက်ရေး၊ ပေးအပ်သောတာဝန် များကို ကျေပွန်စွာထမ်းဆောင် ကြရေး မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့် အောင်က ပါတီဌာနချုပ်၏လမ်းညွှန် ချက်များ၊ ခရိုင်၊ မြို့နယ်ပါတီများမှ ဝင် စာများကို တင်ပြပြီး လာမည့် ဒီဇင်ဘာလအတွင်း ချင်းပြည်နယ် နတ်မတောင်သို့ ခြေကျင်တောင် တက်ခရီးစဉ် ချီတက်မည့်အစီ အစဉ်များ၊ တိုင်းဒေသကြီးအတွင်း မီဒီယာသင်တန်းဖွင့်လှစ်မည့် အစီ အစဉ်များ၊ ပါတီကော်မတီဝင် များနှင့်စည်းရုံးရေးမှူးများ၏ ပညာ ထူးချွန် သားသမီးများကို ဂုဏ်ပြု ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် အခြားပါတီသတင်းများနှင့် ထူးခြား ဖြစ်စဉ်သတင်းများ ဌာနချုပ်သို့ စဉ်ဆက်မပြတ်ပေးပို့ရေး ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက် လာသူများက တောင်တက်ခရီးစဉ် အတွက် လိုအပ်ချက်များ ဆွေးနွေး ခြင်း၊ ပါတီပိုင်ပစ္စည်းကိစ္စများကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိ ရသည်။