images
UN
UN
လာမည့်နှစ်တွင်ထွက်ပေါ်လာမည့် iPhone အသစ်သည် ကွေးညွှတ်သော Screen ပါဝင်လာဖွယ်ရှိ
လူသစ် Tuesday, 29 November 2016
ကွေးညွှတ်သော Screen ဖြင့် iPhone သစ်တစ်မျိုးလာမည့်နှစ်တွင် စတိုးဆိုင်များ ပေါ်ရောက်ရှိလာဖွယ်ရှိဟုWSJ သတင်း ဌာနကယခုလ ၂၇ရက်တွင်ဖော်ပြခဲ့သည်။
Apple Inc.ထံကိရိယာအစိတ်အပိုင်း များ ရောင်းချလျက်ရှိသည့် ကုမ္ပဏီများက ၄င်းတို့အား ပိုမိုပါးလျသော အော်ဂဲနစ် အလင်းထုတ်Display များထုတ်လုပ်ရန်နှင့် ၄င်း၏တယ်လီဖုန်းမော်ဒယ်များကိုSamsung မှ ထုတ်လုပ်သည့် ဖုန်းများနှင့်ကွဲပြား စေရန် ရုပ်ထွက်ပိုမိုကောင်းမွန်သောScreen ရှေ့ပြေးနမူနာပုံစံများတင်ပြရန်Apple ထံမှ တောင်းဆိုထားသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ယခုအခါApple အနေဖြင့် စမတ်ဖုန်း အရောင်းကျသည့်အခြေအနေကို တွန်းလှန် တိုက်ခိုက်ရန်ကြိုးစားနေရသည့်အပြင် လာ မည့်နှစ်သည်i Phone စတင်ထုတ်လုပ် သည့် ၁ဝ နှစ်မြောက်နှစ်ပတ်လည်နှင့် တိုက် ဆိုင်နေသည့်အတွက် သူမတူသော ဖုန်းတစ် လုံးထုတ်လုပ်နိုင်ရမည်ဟူသော ဖိအားက လည်းရှိနေလေသည်။
ထို့ကြောင့် အသစ်ထုတ်ဖော်ပြသသွား မည့် မော်ဒယ်အမျိုးမျိုးအနက်တစ်မျိုးသည် OLED Screen အသုံးပြုထားသည့် iPhone တစ်လုံးဖြစ်နိုင်ကြောင်း အဆိုပါကိစ္စ နှင့်ရင်းနှီးကျွမ်းဝင်သူတို့က ပြောကြားခဲ့ သည်။ သို့သော် OLED Display များ သည် ထုတ်လုပ်မှုစရိတ် ပိုမိုကြီးမြင့်သည့် အတွက် ယခင်မော်ဒယ်များထက်ပိုမိုဈေး ကြီးဖွယ်ရှိကြောင်း သိရသည်။
iPhone နမူနာမော်ဒယ် ၁ဝမျိုးကျော် အနက် ၄င်းမှာတစ်မျိုးအပါအဝင်ဖြစ်သော ကြောင့် Apple အနေဖြင့် အဆိုပါမော်ဒယ် ကို မထုတ်လုပ်ရန်ဆုံးဖြတ်ဖွယ်ရှိနေသည် ဟု ၄င်းပုဂ္ဂိုလ်များကပြောကြားခဲ့သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍Apple ကမှတ် ချက်တစ်စုံတစ်ရာမပြုခဲ့ဟုသိရသည်။