images
UN
UN
လမ်းဘေးဈေးသည် ၃ဝဝ ခန့်ဈေးရောင်းရန်အတွက် နေရာစနစ်တကျပေးရေး အသနားခံစာပို့
ချားလ်ကိုး Tuesday, 29 November 2016
လမ်းဘေးဈေးသည် ၃ဝဝ ခန့်သည် ဆိုင်နေရာချထားပေးနိုင် ရန်အတွက် ရန်ကုန်မြို့၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန် သို့ဦးတည်ပြီး ယနေ့တွင် အသနားခံစာများပေးပို့ခဲ့ကြောင်း သိရ သည်။
ဆိုင်နေရာအတွက် မဲနှိုက်ပေးသည့်အစီအစဉ်တွင် မပါဝင် သော လမ်းမတော်နှင့်လသာမြို့နယ်မှ လမ်းဘေးဈေးသည်များ အနေဖြင့် ဆက်လက်ရောင်းချရန်ခက်ခဲလာသောကြောင့် ယခုကဲ့သို့ အသနားခံစာတင်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဆိုင်နေရာများ မဲမပေါက်ခြင်းကြောင့် မူလနေရာတွင် ပြန်လည်ရောင်းချသော်လည်း စည်ပင်ဝန်ထမ်းများ က မရောင်းရန် စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
အသနားခံစာထဲတွင် ဈေးသည်များက ၄င်းတို့၏ဈေးရောင်း သည့်နေရာများကို သတ်သတ်မှတ်မှတ်ချထားပေးရန် သို့မဟုတ် မူလနေရာ၌ စည်းကမ်းတကျရောင်းချခွင့်ပေးရန် တောင်းဆိုထား ကြောင်း လမ်းဘေးဈေးသည်များက ပြောသည်။
ယင်းနှင့်ဆက်စပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီနှင့် အခြားသောလမ်းဘေးဈေးသည်အဖွဲ့များလည်း တွေ့ဆုံ ဆွေးနွေးနေကြောင်း သိရသည်။