images
UN
UN
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ၍ ပါတီအောင်နိုင်ရေးဆွေးနွေး
ထိန်ဝင်း(ကြည့်မြင်တိုင်) Tuesday, 29 November 2016
ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးနှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ခရိုင်နှင့်မြို့ နယ်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများတွေ့ဆုံပွဲကိုယနေ့ နံနက် ၁ဝနာရီ ၄၅မိနစ်က ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီနာယက ဦးနန္ဒကျော်စွာ၊ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီ အတွင်းရေးမှူး ဦးသာဝင်းနှင့်တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး က ပါတီမှချမှတ်ထားသည့်ပါတီ၏ မူဝါဒနှင့်ရည်မှန်းချက်များကို ပါတီ ဝင်များပါတီအောက်ခြေအထိ သိရှိ နားလည်အောင် ဆောင်ရွက်ရန်နှင့် ပါတီဝင်များ စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စများကို ထည့် သွင်းဆွေးနွေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးပါတီနာယကဦးစိန်တင်ဝင်းက ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများ ကို သုံးသပ်ဆွေးနွေးပြီး ရန်ကုန် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးသာဝင်းက ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို တင်ပြ သည်။ ထို့နောက် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေး သည်။ ထို့နောက် ခရိုင်ပါတီကော် မတီဥက္ကဋ္ဌများနှင့် မြို့နယ်များမှ အောင်နိုင်ရေး လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို တင်ပြကြသည်။