images
UN
UN
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသစစ်ပွဲများ လွှတ်တော်နှင့်ပြည်သူတို့အထူးစိုးရိမ်နေ ပြည်သူ့လွှတ်တော်၌အရေးကြီးအဆိုတင်သွင်း လွှတ်တော်ကလက်ခံဆွေးနွေးရန်ဆုံးဖြတ်
ကိုကိုလွင် Tuesday, 29 November 2016
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူမြို့နှင့် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်တို့ကိုKIA, MNDAA, TNLA ပူးပေါင်းအဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်းနှင့် အိုးအိမ်စွန့်ခွာ၍ စစ်ပြေးဒုက္ခသည်ဘဝရောက်ရှိရခြင်း၊ နိုင်ငံ၏ အချုပ်အခြာတည်မြဲမှု ထိပါးစေခြင်း၊ တရားဥပဒေစိုးမိုးမှုပျက်ပြားစေခြင်း၊ တည်ငြိမ်အေးချမ်းမှုနှင့်ငြိမ်းချမ်းရေးလုပ်ငန်းများအား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်နေပါ သဖြင့် ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းမှုအား လွှတ်တော်မှဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ယနေ့ပြုလုပ်သည့် ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော်တတိယ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာမောင်သင်းက အရေးကြီးအဆို တင်သွင်းခဲ့ပြီး ပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးက ထောက်ခံဆွေးနွေးခဲ့ခြင်းအပေါ် လွှတ်တော်မှ ဆက်လက်ဆွေးနွေး ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
''ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်းဒေသအား ယခုလ ၂ဝ ရက် မှ စတင်ဖြစ်ပွားခဲ့သည့်KIA, MNDAA, TNLA ပူးပေါင်းအဖွဲ့ တို့၏ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်း ထောင်ဖျက်ဆီးမှု၊ ဗုံးခွဲတိုက်ခိုက် မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ဒဏ်ရာရရှိခြင်း၊ အိုး အိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည်ဘဝ ရောက်ခြင်းနှင့် နိုင်ငံအချုပ်အခြာ အာဏာတည်မြဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အတွက် မူဆယ်၊ ကွတ်ခိုင်မြို့နယ်များ အတွင်းရှိတပ်စခန်းများအားKIA, MNDAA, TNLAပူးပေါင်းအဖွဲ့ တို့မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင် များနှင့် အပြစ်မဲ့ပြည်သူများ သေ ကျေဆုံးရှုံးခဲ့ရပါတယ်။ ဒဏ်ရာ ရသူ ၂၉ ဦးရှိခဲ့ပါတယ်။ အဲ့ဒီလို ဖြစ်စဉ်များကြောင့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ကာကွယ် နေတဲ့ကြားက ပြည်သူများသေဆုံး မှုနဲ့ဒဏ်ရာရမှုများ ပိုမိုများပြား လာတာကိုတွေ့ရှိရပါတယ်။ အဲ့ဒီ အတွက်ကြောင့် ကျွန်တော်တို့အမျိုး သားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်း ချမ်းရေးဗဟိုဌာန နိုင်ငံတော်အတိုင် ပင်ခံက စိုးရိမ်မိကြောင်းနဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေမှာ အစဉ်တစိုက်ကြိုးပမ်းခဲ့ သောအမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ လုပ်ငန်းစဉ်များကို နှောင့်နှေးစေ သည့် လုပ်ငန်းစဉ်များကို ဖြစ်ပေါ် စေမည်ကို စိုးရိမ်မိကြောင်း တင်ပြ ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဖြစ်စဉ် ကြီးမှာ စတင်ဖြစ်ပွားခဲ့တဲ့နေ့က နေ ဒီနေ့အထိ စုစုပေါင်းအပြစ်မဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရရှိခဲ့ရ တယ်။ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်။ ဆက်ကြေးတောင်းခံရတယ်။ အိုး အိမ်စွန့်ခွာပြီးတော့ စစ်ရှောင်ဘဝ ရောက်ရတယ်။ ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်နိုင် ဘဲ လယ်ယာစီးပွားရေးလုပ်ငန်း တွေကို စွန့်ပစ်ခဲ့ရတယ်။ ပျက်စီး တယ်။ ထို့အတူ ကုန်သွယ်ရေးလုပ် ငန်းတွေလည်း ပျက်စီးခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း အချုပ် အခြာအာဏာကို ထိပါးလာတယ်။ တရားဥပဒေစိုးမိုးမှု ထိခိုက်လာ တယ်။ နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုပျက်ပြားလာတယ်။ နယ်စပ် ကုန်သွယ်ရေးတွေ ရပ်ဆိုင်းသွား တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပြည်ထောင်စုအစိုးရ ရဲ့ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်တဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို အကောင်အထည်ဖော်တဲ့ အရှိန်အဟုန်ကို နှောင့်နှေးစေမှု ဖြစ်ပေါ်လာနိုင်မှာကို ပြည်သူများ အနေနဲ့လည်းစိုးရိမ်မိကြပါတယ်'' ဟု ဒေါက်တာမောင်သင်းက အဆို တင်သွင်းရာတွင်ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၌ ဖြစ်ပွားနေသည့်စစ်ပွဲများ နှင့်ပတ်သက်၍ အထက်ပါ အရေး ကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ခြင်း အား ပျော်ဘွယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေး၏ ထောက်ခံဆွေးနွေးမှုနှင့်အတူ အဆို နှင့်ပတ်သက်၍ဆက်လက်ဆွေးနွေး ရန်သင့်မသင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏အဆုံးအဖြတ် ရယူခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်မှ ဆက်လက်ဆွေးနွေး ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။