images
UN
UN
ပြည်တွင်းရက်ရှည်အလည်အပတ်ခရီးများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းမည်
ခင်ရူပါမော် Friday, 02 December 2016
မြန်မာနိုင်ငံကို ရက်ရှည် တည်တံ့သော အလည်အပတ်ခရီး သွားရာ နေရာတစ်ခုအဖြစ် လူသိ များလာစေရန်ရည်ရွယ်၍ စင်ကာပူ နှင့်မြန်မာ နှစ်နိုင်ငံအကြား ရက် ၃ဝဗီဇာကင်းလွှတ်ခွင့်ကို စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းMyan-mar Tourism Marketing မှ သိရ သည်။
မြန်မာနိုင်ငံသို့လာရောက်လည် ပတ်သည့် စင်ကာပူနိုင်ငံသားများ အဓိကလည်ပတ်သည့် နေရာများ မှာ စင်ကာပူနိုင်ငံမှ တိုက်ရိုက်လေ ကြောင်းလိုင်းများရှိသည့် ရန်ကုန် နှင့်မန္တလေးမြို့တို့ဖြစ်ပြီး အပန်းဖြေ အနားယူရန် လာရောက်သည့်ခရီး သွားများ တိုးမြှင့်လာသည်နှင့်အမျှ နှစ်နိုင်ငံအကြား ခိုင်မာသည့်ကုန် သွယ်မှုဆက်ဆံရေးပြယုဂ်အဖြစ် စင်ကာပူနိုင်ငံမှ လာရောက်သူခရီး သွားအများစုမှာ စီးပွားရေးလုပ် ငန်းအတွက် လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
''မြန်မာနဲ့စင်ကာပူနိုင်ငံကြား ရင်းနှီးချစ်ကြည်မှုနဲ့ နှစ်နိုင်ငံကြား နှစ်၅ဝကြာခိုင်မာတဲ့ သံတမန်ဆက် ဆံရေးရှိတဲ့အတွက် အခုလိုရင်းနှီး မှုက နှစ်ဖက်ခရီးသွားလုပ်ငန်းတွေ ကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက် လာစေပြီး နိုင်ငံသားတို့အချင်းချင်း ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို အမြဲ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်'' ဟုြြွှ မှ ဥက္ကဋ္ဌဒေါ်မေမြတ် မွန်ဝင်းက ပြောသည်။
၂ဝ၁၅ခုနှစ်တွင် မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် စင် ကာပူနိုင်ငံသားခရီးသွားဧည့်သည် ၄၃ဝဝဝ ရှိခဲ့ပြီး ယခုနှစ် သြဂုတ် လအထိ ၃၂ဝဝဝ ကျော် လာ ရောက်လည်ပတ်ခဲ့ကြောင်း သိ ရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှထုတ်ပြန်သောအချက်အလက် များအရ စင်ကာပူနိုင်ငံသည်မြန်မာ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ကျော်ဖြင့် တရုတ်နိုင်ငံနောက် ဒုတိယနေရာတွင် ရပ်တည်လျက် ရှိကြောင်း သိရသည်။