images
UN
UN
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကော်မရှင်နှစ်ခုအတည်ပြု
Dawei Watch Friday, 02 December 2016
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်း ၁ဝ လ နီးပါးအကြာတွင် ကော်မရှင်နှစ်ခုကို ဖွဲ့စည်းအတည်ပြုလိုက်သည်။
နိုဝင်ဘာ ၂၈ ရက်မှ စတင်ကျင်းပလျက်ရှိသည့် ဒုတိယ အကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်နှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မရှင်တို့ကို အတည်ပြု ခဲ့ခြင်းဖြစ်သည်။ ''ကော်မရှင်က ဖွဲ့စည်းဖို့ကြိုးစားနေတာကြာ ပါပြီ''ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
ကော်မရှင်ဖွဲ့စည်းရန်အတွက် အဓိကအခက်အခဲမှာ သင့်တော် သည့် ပြင်ပပညာရှင်များပါဝင်နိုင်ရန် စိစစ်ကာစည်းရုံးပြောဆိုရ ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။ ဖွဲ့စည်းထားသည့်ရေးရာ ကော်မတီများက လိုအပ်ပါက ကော်မရှင်အဖွဲ့များကို ဖွဲ့စည်းနိုင် ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံးထံမှသိရသည်။
ဖွဲ့စည်းအတည်ပြုလိုက်သည့် ကော်မရှင်နှစ်ခုတွင် ဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်ကို ရေဖြူမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး တရား လွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေ၊ ထားဝယ်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခနှင့်ဥပဒေအရာရှိများစုစုပေါင်းအဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မရှင်အဖွဲ့ ကို ပုလောမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းသည်။
''အရင် လွှတ်တော်က အတည်ပြုထားတဲ့ တိုင်းဒေသကြီး ဥပဒေ(၁၁)ရပ်ကိုပြန်လည်လေ့လာသုံးသပ်ပြီး ကော်မတီကိုတင်ပြ မယ်''ဟု ဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှထွေး က ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် ရေးရာ ကော်မတီခြောက်ခုကို ဖွဲ့စည်းထားပြီးဖြစ်သည်။