images
UN
UN
တရားမဝင်ဘင်္ဂါလီတင်ဆောင်ပါက ယာဉ်လိုင်းသုံးလပိတ်သိမ်းမည်
Dawei Watch Friday, 02 December 2016
မွန်ပြည်နယ်အတွင်း ပြေးဆွဲ နေသော မော်တော်ယာဉ်လိုင်းများ တရားမဝင်ဘင်္ဂါလီတင်ဆောင်ပါက လုပ်ငန်းလိုင်စင်သုံးလပိတ်သိမ်းသည့် အပြင် လက်မှတ်ရောင်းသည့်ဂိတ် အပါအဝင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်ကိုတာဝန်မှရပ်စဲသည် အထိ အရေးယူသွားမည်ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
မွန်ပြည်နယ်တွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း တရားမ ဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ ၂၆ ဦး ဖမ်းဆီးရမိခဲ့သည်။
''နိုင်ငံခြားသားတစ်ယောက် ဟာ သူများနိုင်ငံထဲကို ဝင်လာရင် နိုင်ငံကူးလက်မှတ်ရှိရမယ်။ပတ်စ်ပို့၊ ဗီဇာရှိရမယ်။ ဘာမှမရှိတဲ့နိုင်ငံခြား သားတွေ ဘင်္ဂါလီဖြစ်စေ၊ ဘင်္ဂါလီ မဟုတ်တာဖြစ်စေ၊တရားမဝင်နိုင်ငံ ခြားသားတွေကို လဝကဥပဒေနဲ့ အရေးယူရမယ်''ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင် ဦးက ပြောသည်။
မော်တော်ယာဉ်လိုင်းများ အပါ အဝင် ဟိုတယ်များ၊ တည်းခိုခန်း များ၊ မိမိနေထိုင်ရာမြို့နယ်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တရား မဝင်နိုင်ငံခြားသားများကို တွေ့ရှိ ပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်းသို့အကြောင်းကြားပေးရန် ညွှန်ကြားထားသည်။
''အကြောင်းကြားစာပေးပို့ထား တယ်။ အခုချိန်ထိတော့ အရေးယူ တဲ့ ယာဉ်လိုင်းတွေမရှိသေးဘူး။ စစ်ဆေးတွေ့ရှိလို့ တိုင်ကြားရင် သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး အရေးယူမှုတွေ လုပ်သွားမယ်''ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင် က ပြောသည်။
မွန်ပြည်နယ်အတွင်း ပြေးဆွဲ နေသည့် မော်တော်ယာဉ်လိုင်း ၆ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ် ရေးကော်မတီထံမှသိရသည်။ မွန် ပြည်နယ်တွင် စက်တင်ဘာနှင့် အောက်တိုဘာအတွင်း ဖမ်းဆီးရမိ ထားသည့်ဘင်္ဂါလီများကို လဝက ဥပဒေဖြင့်အရေးယူခဲ့ပြီးထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။