images
UN
UN
လွှတ်တော်မှမေးခွန်းမေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ဥပဒေ နည်းဥပဒေများနှင့်အညီ ဆွေးနွေးသင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ထောက်ပြတိုက်တွန်း
သာလှ(ပျဉ်းမနား)ကိုကိုလွင် Friday, 02 December 2016
ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အ သီးသီးတို့မှ ပညာရေး ဆိုင်ရာမေးခွန်းများ မေးမြန်းခြင်းကိစ္စရပ်များ ဆောင် ရွက်ရာတွင် ဝန်ကြီးဌာနဘက်မှ ပြန်လည်ဖြေကြား ခြင်း၌ လွှတ်တော်၏ဥပဒေ နည်းဥပဒေများနှင့်အညီ မျှတစွာပြန်လည်ဆွေးနွေးသင့်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ယနေ့ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ထောက်ပြတိုက်တွန်း ခဲ့သည်။
ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ် သက်၍ ပညာသင်ဆု၊ ပညာတော်သင်စေလွှတ် မည့်အခြေအနေ၊ ကျောင်းအားကစားကွင်းများ ဖန်တီး ပေးခြင်း၊ အားကစားချိန်တွင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများနှင့် အားကစားနည်းတစ်မျိုးမျိုးကို သင်ကြားပေးရန် အထက(ခွဲ)ရှိ အန္တရာယ်ရှိနှစ်ထပ် ကျောင်းဆောင်အား ပယ်ဖျက်၍ ပေ(၁ဝဝx၃ဝ) နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန်ကိစ္စ တို့အပြင် အဆောက်အအုံတန်ဖိုးကို အခြေခံ၍ လေလံစနစ်ဖြင့် တည်ဆောက်ခြင်း၊ ဆရာ ဆရာမ များနားနေခန်းပါ အဆောက်အအုံဒီဇိုင်းပုံစံ ပြောင်းလဲပေးရန်နှင့် သင်ထောက်ကူစာသင်ခုံများ၊ သင်ပုန်းများအား ကျောင်းသားကျောင်းသူဦးရေနှင့် အညီ ထောက်ပံ့ပေးရန် အစရှိသည့် မေးခွန်းများ ကိုမေးမြန်းခဲ့ကြရာ၌ ပညာရေးဝန်ကြီးဌာနက ထိုကိစ္စများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းချက် အပေါ် ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဒေသကြီးရှိ အစိုးရအဖွဲ့များသို့ တင်ပြရမည်သော် လည်းကောင်း၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရ အဖွဲ့ ပညာရေးဝန်ကြီးဌာနသို့ မေးခွန်းမေးရန် အစ ရှိသဖြင့် ပြန်လည်ရှင်းလင်းချက်တွင် ထည့်သွင်း ပြောကြားခဲ့ခြင်းအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ထိုသို့ ကြားဝင်ရှင်းလင်းဆွေးနွေးခဲ့ခြင်းဖြစ် သည်။
''ဒီနေရာမှာ ပညာရေးဝန်ကြီးဌာနကို ကျွန်တော်ပြန်လည်ရှင်းလင်းဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ဟာ သက်ဆိုင် ရာ မဲဆန္ဒနယ်ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မေးခွန်းတွေ အဆိုတွေတင်ခွင့်ရှိပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင် တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။ဒါက ဥပဒေဆိုင်ရာ လွှတ်တော်က ဥပဒေနည်း ဥပဒေအရပေးထားတဲ့ အခွင့်အရေးပါ။ အဲ့ဒီတော့ ဒီကိစ္စတွေဟာ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေ မှာ အစိုးရတွေဆီက တင်မှဖြစ်လို့၊ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေမှာပဲ မေးခွန်းမေးပါ၊ အဆို တင်ပါဆိုတာကတော့ လုံးဝဥပဒေနဲ့မညီပါဘူး။ အဲ့ဒါကိုအလေးအနက် သတိပြုစေလိုပါတယ်။ ဒီလိုပဲ ပညာရေးဝန်ကြီးဌာနက အဲ့လိုပြောမယ်ဆိုရင် ကျန်တဲ့ဝန်ကြီးဌာနတွေကလည်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးတွေမှာပဲ မေးပါဆိုရင် လွှတ်တော်တောင် ဘာရှိဖို့လိုတော့မှာလဲ။ အဲ့ဒီ တော့ ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံး အောင်တော့ ဝန်ကြီးဌာနတွေဘက်က ဂရုစိုက် ပေးပါ''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား လိုက်ခြင်းဖြစ်သည်။